အပိုင်း (20)🍊🍊🍊🍊
"မင်း..မင်းနော်..ငါ..ငါငိုမှာနော်...
ဖယ်.."အရှေ့ကိုတိုးလာသည့် သူ့မျက်နှာကြီး
ကြောင့် ရှေး အတင်းတွန်းထုတ်ကာ
ပြောသော်လည်း သူ ပြုံးကာ ရှေး မျက်နှာ
လေးနားထပ်တိုးလာသောကြောင့် ရဲနေသော
နှုတ်ခမ်းဖူးဖူးလေးကို သူ့ကြည့်၍.."အစောကြီးက ဖြတ်လို့ ပြောသားပဲ
အခုတော့ နောက်ကျသွားပြီး အဟွန်း..""အွန်း..''
ပြောလည်းပြော သူမ နှုတ်ခမ်းလေး
ကို စုပ်ယူနမ်းရှိုက်နေသော သူ့ကြောင့်
ရှေးတစ်ယောက်
ရင်ဘက်ထဲမှာ စက်လှေခုတ်မောင်းနေသလို
ရင်ခုန်တာလား ရင်တုန်တာလားတောင် မသဲ
ကွဲတော့...ရှေး အသက်ရူးတွေကြပ်လာကာ
ရှက်လွန်းသောကြောင့်
သူနှုတ်ခမ်း ကိုကိုက်ချလိုက်တော့သည်။"အာ့...ဟာ..ရှေး..ကိုက်ကလာ...
မင်းလူရောဟုတ်ရဲ့လား..."ရှေး မျက်စောင်းထိုးကာ..
"ငါ့အသက်ရူကြပ်နေပြီ မင်းက
ပြောလို့မှ မရတာ...ကားပေါ်မှာဆ်ိုတာ
သတိထားအူံး..."သူ့ကို မျက်စောင်းလေးထိုးကာ
ပြောတဲ့ သူမကြောင့်..."နောက်တစ်ခါ...နှုတ်ခမ်းနီ မဆိုးနဲ့ ကြားလား.."
သူမေးသော်လည်း
သူ့ကို မဖြေပဲ ကားမှန်တံခါးဘက်ကို
လှည့်နေသော သူမ ကြောင့် တော်ဝင် ပြုံးလိုက်ကာ.."ရှေး ကျွန်တော် တစ်ခု သိချင်တယ်
သိလား..''"ဘာလဲ.. "
ထိုတော့မှ သူမ သူ့ဘက်လှည့်လာ
တော့ တော်ဝင် ကျေနပ်စွာ ပြုံး၍ သူမ မျက်နှာလေးအား ငဲ့ ကြည့်ကာ..."ခင်ဗျား...ရည်းစားမထားဘူးဘူးလား.."
"ဘာလုပ်မလို့လည်း မင်းက.."
"ဖြေစမ်းပါဗျာ..သိချင်လို့.."
ရှေးသူ့ကို ကြည့်ပြီး ခပ်ညစ်ညစ်ပြုံး
ကာ.."ထားဘူးတယ် အခုတောင် မင်းနဲ့
လက်ထပ်လိုက်ရလို့...သူ
ဂျပန်ကပြန်လာရင်..ငါတို့...""တော်စမ်း..ရှေး..ခင်ဗျား..ကျွန်တော်
နားထောင်နေလို့ အကောင်းထင်မနေနဲ့..."