အပိုင်း(14)🍓🍓🍓🍓
ရှေး သူဆွဲခေါ်ရာ အနောက်ကို
လိုက်လာခဲ့လိုက်သည်။တော်ဝင် အောက်ထပ်ဧည့်ခန်းမှာ
ထိုင်နေကြသော မာမီ အဖွား မြတ်သစ္စာ
တို့ကြောင့် အလို မကျသလို မျက်ခုံးကြီး
ပင့်တက်သွားကာ...သူမလက်ကလေးကို
ဆွဲကာ..ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ဒေါ်နန်းတော်ဝင်နဲ့ မြတ်သစ္စာရဲ့
မျက်နှာမှာတော့..အောင်နိုင်သော
အပြုံးတွေ ဝေဆါနေကာ...ရှေးကို
မဲ့ ပြုံးပြုံးကြည့်နေကြတော့သည်။"သား..မင်းသိပြီးပြီလား.."
"တော်စမ်း မိနန်း..ငါပြောမယ်.."
အဘွားအသံကြောင့် မာမီ ငြိမ်ကြ
သွားတာကို တော်ဝင်ကြည့်ကာ.."ဘာပြောမှာလဲ အဘွား."
ရှေးမှာတော့..ဘာမှန်းမသိတသာ်လဲ
သူ့လက်ကို အား
ကိုးတကြီး ဆုပ်ကိုင်ထားမိတော့သည်။တော်ဝင်သူ့ကို အားကိုးတကြီး ကိုင်
ထားသော သူမလက်ကလေးကို ကြင်နာ
စွာ ပြန်ဆုပ်ကိုင်ထားတာကို ဒေါ်နန်းတော်
ဝင်နဲ့ မြတ်သစ္စာတို့ ကြည့်၍ ပြုံးနေသော
မျက်နှာတွေမှာ ပျက်ယွင်းသွားကြကာ
ရှေးကို မုန်းတီးစွာကြည့်နေတာကို တော်ဝင်
မသိချင်ယောင်ဆောင်ကာ အဘွား
ပြောလာမှာကို နားစွင့်နေလိုက်သည်။"ဒီလိုမြေးရဲ့...အဘွား...မြေးမလေး
ကိုယုံပါတယ်..အခု..မြေးမလေးဆီမှာ
သူငယ်ချင်းရှိလားကွယ်...""အို..မေမေကလဲ..ဘာတွေ
ကွေ့ဝိုက်နေတာလည်း... ""တိတ်စမ်း မိနန်း ညည်းဝင်မပါနဲ့...
ငါမေးတာကို မြေးကို..."ဒေါ်နန်းမဟာ အပြောကြောင့်
ဒေါ်နန်းတော်ဝင် စိတ်ဆိူးကာ..
တစ်ဖက်လှည့်သွားတော့သည်။တော်ဝင်အဘွားအမေးကြောင့်
မျက်ခုံးပင့်တက်သွားသလို
ရှေးမှာလည်း မျက်ဝန်းလေး
ဝိုင်းသွားကာ...သူ့ကို မော့ကြည့်
လိုက်တော့လဲ သူမကို ကြင်နာ
စွာကြည့်နေတာကြောင့် ရှေး
အဘွားဘက်ကို ပြန်ကြည့်လိုက်
ခေါင်း လေးခါပြပြီး...."ဟင့်အင်း..မရှိပါဘူး..အဘွား..."
"ဟဲ့ ညည်းမညာနဲ့ ငါတို့ မြင်လို့မေးတာ.."