အပိုင်း (9)

12.3K 448 3
                                    

အပိုင်း (9)🍓🍓🍓🍓

တစ်ယောက်က ခပ်တည်တည်
အူတိုနေသလောက် တစ်ယောက်က
ဆိုဖာပေါ်မှာ မျက်နှာလေးရဲကာ ထိုင်နေ
တာကို ကြည့်ပြီး ပြုံးချင်သော်လည်း
အကိုလေးရဲ့ မျက်နှာတည်တည်ကြီကြောင့်
မပြုံးရဲဘဲ ဖြစ်နေကာ..

"ဟုတ်ကဲ့ အကိုလေး..အကိုလေး
ပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်...''

"ကောင်းပြီ..နောက်တော့..ဘာပြော
စရာရှိသေးလဲ..."

အလုပ်စားပွဲရဲ့ ထိုင်ခုံမှာထိုင်ပြီး
Computer အနှိပ်မပျက် မျက်နှာ
ကြီးတည်နေစွာ သူ့ကိုမေးတော့
ရာဇာ..ခေါင်းငြိမ့်လိုက်ပြီး...

"ရှိပါတယ်..အကိုလေး..ဒီနေ့..
အင်္ကျီ ဒဇိုင်းအသစ်နဲ့ ကားမော်ဒယ်
အသစ်ကြော်ငြာဖို့ကို မင်းသမီး
ဒါလီလင်း ရယ် ရိုက်ပေးမဲ့ ဒါရိုက်တာ
နဲ့ တွေ့ဖို့ရှိပါတယ်..."

"အင်းကောင်းပြီ...ဘယ်အချိန်လဲ..."

"1နာရီခွဲပါ..အကိုလေး..."

"ကောင်းပြီး..အချိန်တိကျဖို့တော့
ပြောထား.."

"ဟုတ်ကဲ့ပါအကိုလေး..''

အကိုလေး မင်းတော်ဝင်က အလုပ်
လုပ်တဲ့နေရာမှာ အချိန်ကိုလေးစားတက်
သူဖြစ်ပြီး..အချိန်မလေးစားတဲ့ သူတွေဆို
သူဘယ်တော့မှ လက်တွဲပြီးမလုပ်။ဒါ့ကြောင့်
အောင်မြင်နေကာ..လူတိုင်းက လေးစား
အားကျတဲ့သူဖြစ်နေတာပင်..။

"သြော်ပြီးရင် ငါ့မိန်းမအတွက်
အသီးတွေနဲ့ ကော်ဖီတစ်ခွက်
လာပို့ပေး...''

"ဟုတ်အကိုလေး..နေ့လည်စာရော..
မှာပေးရအုံးမလား..."

"ရတယ်..မမှာနဲ့ အပြင်ထွက်စားမှာ...."

"ဟုတ်ကဲ့..အကိုလေး.."

"မမလေး သွားခွင့်ပြုပာအုံးဗျ..."

ရာဇာ မမလေးကို နှုတ်ဆက်ပြီး
အကိုလေးကို ပြန်ကြည့်တော့
ကြောက်စရာကောင်းလောက်အာင်
အေးစက်စက်ကြည့်နေတာကြောင့်
သူ..ကျောလေးတွန့်စွာ..အမြန်ရုံးခန်း
ထဲကနေ ပြေးထွက်လာခဲ့သည်။

အခုကြတော့လည်း တကယ့်လုပ်ငန်း
ရှင်ကြီးလို တည်ငြိမ်နေပါလား....
ရှေး သူကို ဒီတစ်ခါတော့..လေးစားမိသွား
တာအမှန်ပါ။

မင်းမှ လွဲ၍❤❤ (Complete) Unicode to Zawgyi Where stories live. Discover now