အပိုင်း (27)🍓🍓🍓🍓🍓
တော်ဝင် သူမလေးကို စောင်ခြုံပေး၍
ရေချိုးခန်းထဲ ဝင်လာရာ ရေချိုးလိုက်
တော့မှ လန်းဆန်းသွားတော့သည်။ညကအကြောင်း ပြန်တွေးမိတော့
ပြုံးလိုက်မိကာ..."မောင် မင်းအချစ်ကို ပိုင်ဆိုင်
သွားပြီ ရှေး..."တော်ဝင်ပြောကာ ရေလဲ သဘက်ကို
ခါးမှာ ပတ်၍ ထွက်လာချိန် သူမ
အိပ်ယာ တွေခေါက်နေတာကြောင့်
ပြုံးလိုက်ကာ အနားတိုး
သွား၍ အနောက်ကနေ ခါးလေးကို
ဖက်ထားလိုက်သည်။"ရှေး....ဘာလို့ အစောကြီးထတာလဲ
အိပ်အုံးလေ.. ""ဟင့်အင်း မအိပ်တော့ဘူး..
ငါမင်းကို ပြောမလို့...ငါဆေးရုံ
မှာ အလုပ်ပြန်ဝင်ချင်တယ်..."တော်ဝင် သူမပါးလေးကို လှမ်းနမ်းကာ..
ခေါင်းငြိမ့်လိုက်၍.."ရတယ်လေ..မောင်လုပ်ပေးမှာပေါ့..."
"တကယ်လား..မောင်.."
"အင်း..တကယ်ပေါ့..."
သူမ ပြုံးကာ မျက်ဝန်းဝိုင်းလေးများဖြင့်
သူ့အား လည်ပင်လေးလိမ်ကာ ငေးငေးလေးကြည့်လိုက်မိသည်။သူမ ခါးလေးကနေဖက်၍ သူ့ဘက်
ကို လှည့်လိုက်ကာ မျက်နှာချင်းဆိုင်
ဖြစ်သွားပြီး ရင်ခွင်ထဲ ဖက်
ထားလိုက်ကာ...."တကယ်ပြောတာ ပြီးတော့ မောင်
ရှေးကို အမှန်တရားပြောစရာရှိတယ်.. ""ဟင်..ဘာများလဲ.."
သူမ မေးလာသောကြောင့် တော်ဝင်
မျက်နှာပေါ်တွင် မချိုမချဥ် အပြုံးများ
ဖြစ်ပေါ်လာကာ....."မင်းကို...မောင်အစထဲက လက်မှတ်ထိုး
ထားတယ်လို့ပြောတာလေ..""အင်..."
သူမ မျက်ဝန်းလေးပြူးကာ
ကြည့်နေတော့..."အဲ့ဒ. ရှေး လက်မှတ်ထိုးထားတာ
လက်ထပ်စာချုပ်မဟုတ်ဘူး..ဆေး
ရုံပြောင်းခွင့်အတွက် လက်မှတ်ထိုးထား
တာ...""ဟင်..ဒါဆို အဲ့အချိန်တုန်းက လက်မှတ်
ထိုးတာ လက်ထပ်စာချုပ်ပေါ်မှာ
မဟုတ်ဘူးပေါ့...""မဟုတ်ဘူး..."
သူပြုံးကာ ပြောနေတော့ရှေး သူ့ကို
မျက်စောင်းလေးထိုးကာ..