အပိုင်း (16)🍊🍊🍊🍊🍊
ရှေး အိမ်ထဲဝင်လိုက်တော့
သူမကို မဲ့ကြည့်ကာနေတဲ့
တော်ဝင်အမေကို တွေ့တော့
ရှေး မမြင်ချင်ယောင်ဆောင်ကာ
အပေါ်ထပ်ကို တက်ဖို့ခြေလှမ်းလေးမျာလှမ်းချိန်...."ဟွန့်..ပြောတော့..မခင်ဘူးမသိဘူးနဲ့
အခုတော့ ရေတောင်ပတ်လို့ မျက်နှာ
ပြောင် တိုက်ချက်..."ရှေး မျက်နှာလေးတင်းပြီး
ပြန်မပြောချင်တာကြောင့်
ဆက်လျှောက်ဖို့ပဲ ပြင်လိုက်မိသည်။"ဟဲ့..နင့်ကိုငါပြောနေတာလေ
မကြားဘူးလား...ငါ့ကို အာခံနေ
တာလား.."ရှေး သက်ပြင်းလေးချကာ..
ပြန်လှည့်လိုက်လိုက်၍ သူမကို
အမြင်မကြည်စွာကြည့်နေသော သူ့အမေအားပြန်ကြည့်ကာ..."ဒီမှာ အန်တီ..အန်တီကို အာခံ
နေရအောင် အန်တီကို ကျွန်မ
စကားပြောလား...အန်တီတစ်ယောက်
ထည်းပြောပြီး အန်တီတစ်ယောက်ထည်း
ဒေါသထွက်ပြီး ပြောနေတာလေ..ဒါကို
ကျွန်မ အာခံတယ်ဖြစ်ရောလား...""ညည်း ညည်း ငါ့ကို ပြန်ပြောနေတာ
လား.. ""အန်တီကို..ပြန်ပြောနေတာမဟုတ်
ဘူး..အခု အန်တီ တစ်ဖက်သက်
ရှေးကို ပြောနေလို့ပြောတာ..အဲ့ဒီတစ်
ယောက်က ရှေး ဧည့်သည်မဟုတ်
ဘူး...အန်တီဧည့်သည်ပါ..ရှေးနဲ့ဘာမှ
မဆိုင်ဘူး...""ညည်းက ငါ့ကိုပြန်ခံပြောနေတာလား..
အမလေး...သားတော်ဝင် မင်းမိန်းမ
ငါ့ကို ပြန်ခံပြောနေတယ်တွေ့လား.."ရင်ဘက်တီးကာ..အော်နေသော
ဒေါ်နန်းတော်ဝင်ကို ရှေးကြည့်ပြီး
သက်ပြင်းအသာ ချကာ...အပေါ်ထပ်
ကို တက်လာပြီး အခန်းထဲ ဝင်လာလိုက်သည်။သူမ ဒီအိမ်မှာနေရတာ အဆင်မပြေတော့ပါ။
နေရာတကာသူမကို အပြစ်မရှိအပြစ်ရှာ
လိုက်ပြောနေသော သူ့အမေကိုလဲ ရှေးတွေး၍
သက်ပြင်းလေးသာချနေမိသည်။အခန်းထဲ အရောက်
ရှေးကို ခါးထောက်ပြီး ကြည့်နေတဲ့ သူ့
ကြောင့် ရှေး တစ်ချက်ကြည့်ပြီး ရေချိုး
ခန်း တန်း ဝင်ရန်ပြင်တော့ ရှေးလက်ကို ဆွဲ၍
သူ့ဘက်ကို လှည့်လိုက်တဲ့ သူ့ကြောင့်
ရှေ့နာသွားသော လက်ကို ပွတ်လိုက်ပြီး
သူ့ကို မော့ကြည့်ကာ..