Ep2

702 60 1
                                    

( zawgyi)

မဟူရာ ပြန်လည်မွေးဖွားလာတာ ဒီနေ့နဲ့ဆိုနှစ်ရက်ရှိနေပြီး။ မနက်မျက်လုံးဖွင့်တာနဲ့ မိမိမှာအတိတ်ဘ၀ကိုပြန်ရောက်သွားမှာကိုကြောက်မိသည်။ အတိတ်ဘ၀မှာဆို မှားခဲ့မျှပြန်ပြင်ဖို့နောက်ကျသွားလေ။
ဒီဘ၀မှာတော့ သူ့အေးအေးဆေးဆေးအသက်ရှင်ချင်တယ်။သူ့ဘ၀ကိုအေချမ်းစွာနေချင်တယ်။ သူဖြစ်ချင်တာဒါဘဲ။ ဒီဘ၀မှာသူလိုချင်တဲ့အရာက သူ့ဘ၀ကိုအေးချမ်းနေချင်ရုံလေပါဘဲ။လူတိုင်းရဲ့အမုန်းတွေကို အတိတ်ဘ၀မှာလက်ခံလာပြီးပြီဘဲ လုံလောက်သင့်ပြီးပေါ့။

"သခင်လေး ကျောင်းသွားဖို့ကားပြင်ပြီးပါပြီ။"

သူပြန်မွေးဖွားလာတဲ့အချိန်က ၁၀တန်းကျောင်းသားကာလဘဲ။ အရာရာပြင်ဆင်ဖို့ သိပ်နောက်မကျတဲ့အချိန်ဘဲ။ မဟူရာ ပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတာရပ်ပြီး ပုဆိုးကိုသပ်ရပ်စွာဝတ်လိုက်ကာ စားပွဲပေါ်မှာတင်ထားသည့် ကျောပိုးလွယ်အိတ်ကိုကောက်လွယ်လိုက်သည်။ ပြီးတော့ အခန်းတံခါးဝမှာရပ်စောင့်နေတဲ့ ဒေါ်လးနွယ်ကိုပြုံးပြလိုက်သည်။ အတိတ်ဘ၀က ဘယ်သူတွေသူအပေါ်မကောင်းပါစေ ဒေါ်လေးနွယ်ကတော့ သူမရဲ့နောက်ဆုံးထွက်သက်ထိတိုင် သူကိုကာကွယ်ခဲ့တဲ့တစ်ဦးတည်သောလူ။ အတိတ်ဘ၀ကသူမျက်ကန်းဖြစ်ခဲ့ပေမယ့် ဒီဘ၀မှာတော့ ဒေါ်လေးနွယ်အပေါ် အရင်လိုမဆိုးတော့ဖို့ဆုံးဖြတ်ထားတယ်..။

ဒေါ်လေးနွယ်မှာတော့ သခင်လေးရဲ့ အေးချမ်းလှတဲ့အပြုံးကိုကြည့်ကာရင်ထဲအေးသွားသည်။ သူမကအိမ်တော်ထိန်းဆိုပေမယ့် သခင်လေးကို ငယ်ငယ်လေးကတည်းကစောင့်ရှောက်လာရသူဖြစ်တာကြောင့် သခင်လေးကို သားတစ်ယောက်လိုချစ်ပါတယ်။

"မဟူရာက ကျောင်းကိုလမ်းလျှောက်သွားမှာ"

"ရှင့်"

ဒေါ်လေးနွယ်အံသြသွားသည်။ အမြဲတမ်းကျောင်းကိ ကား နဲ့ပို့ဖို့ ပူဆာတတ်တဲ့သခင်လေးကလေ လမ်းလျှောက် သွားမယ်တဲ့။ မဟူရာတော့ ဒေါ်လေးနွယ်အံသြသွားသည်ကိုစိတ်ထဲမထားဘူး။ အရင်တုန်းက သာမှပေါင်းတဲ့သူငယ်ချင်းတွေကို ဆုံးရှုံးရမှာစိုးလို့ တန်းဖိုးကြီးကားနဲ့သွားလာတယ်။ ပြီးတော့ တန်းဖိုးကြီးတဲ့ ပစ္စည်းတွေဘဲသုံးပြီး သူတို့ကိုမျှဝေခဲ့တယ်။ သူအရွယ်ရောက်လာတဲ့အထိ သူဘေးမှာရှိနေတဲ့ သာမှပေါင်းတဲ့သူငယ်ချင်တွေကို သူကတော့ သူ့အချစ်ဆုံးသူငယ်ချင်းတွေလို့ထင်မိခဲ့တာ။ သူ့ကျဆုံးတဲ့အချိန်မှသိခဲ့ရတယ်.. သူတို့ရဲ့မျက်နှာအစစ်တွေကို။

Please be by my sideWhere stories live. Discover now