Ep33

393 39 4
                                    

(Zawgyi)

မဟူရာလမ်းမမှာ ယောင်တောင်တောင်ဖြစ်နေခဲ့တယ်။သူမှတ်မိတာမမှားရင် သူညတုန်းကတိမ်မျှင်ကြိုးရဲ့အိမ်မှာရှိနေခဲ့တာပါ။ဒါပေမယ့် အခုဘယ်ကနေဘယ်လို လမ်းမထက်ကိုရောက်နေလဲမသိ။ သူသွားရင်းသွားရင်နဲ့ တခြားအရောက်မှာ လူတွေစုဝေးနေတာကိုတွေ့ရတယ်။ ထူးထူးခြားခြားဒီမြင်ကွင်းကိုမြင်ဖူးသယောင်ယောင်ဖြင့် ခါတိုင်းသူများကိစ္စတွေကိုသိချင်းစိတ်ပြင်းပြမှုမရှိတဲ့သူက မသိစိတ်အရ ထိုနေရာဆီကို တရွေ့ရွေ့သွားနေမိတယ်။

"ကြည့်စမ်း ကောင်းလေးကငယ်ငယ်လေးတိုက်ပေါ်က ခုန်ချလိုက်တယ်။"

"မြန်မြန်ဆေးရုံးကားခေါ်။"

"ဒီမှာလူတွေစုမနေကြနဲ့ ဆေးရုံးကားခဏနေရင်လာတော့မယ်။"

ထိုနေရာရောက်ခါနီး လူတွေစကားသံတွေကိုကြားလာတယ်။ တိုက်ပေါ်ကနေခုန်ချတယ်?။ မဟူရာဆက်သွားရင်မှ တစ်နေရာအရောက်မှာရပ်တန့်သွားမိတယ်။ ဒါက တိမ်မျှင်ကြိုးလား။

လူအုပ်ကြီးရဲ့အလယ်မှာတစ်စုံတစ်ရာကိုတဖွဖွရေရွက်နေတဲ့ထိုသူကိုသေချာကြည့်ကာ....မဟုတ်ဘူး သူက မင်းချစ်သူဘဲ။ မျက်စောင်းထိုးအနေအထားကနေ လူကြီးတစ်ယောက်အရွယ် Maskတပ်ထားသော မင်းချစ်သူငေးကြည့်ရင်း မင်းချစ်သူကဒီကိုဘယ်လိုရောက်နေတာလဲ။ သူပြန်လည်မွေးဖွားလာကတည်းက သူကိုလိုက်ရှာနေခဲ့တာ။အခုမှလာတွေ့တော့တယ်။

မဟူရာဝမ်းသာအားရ မင်းချစ်သူအနီးအနားကပ်ကာ မင်းချစ်သူကိုလှမ်းမခေါ်မိခင် သူအခုမှမင်းချစ်သူရင်ခွင်ထဲကကောင်လေးတစ်ယောက်ကို သတိပြုသွားတယ်။ပြီးတော့ မင်းချစ်သူကငိုယိုနေတယ်။သူတစ်ကိုယ်လုံးတုန်ရီနေပြီး သူရဲ့Shirtအဖြူရောင်မှာသွေးတွေပေရေနေတာတွေ့လိုက်ရတယ်။ မဟူရာတုန်လှုပ်သွားတယ်။ဘာရယ်ကြောင့်မှန်းမသိ အဲ့သွေးတွေကိုသူ့သွေးတွေလို့ထင်လာမိတယ်။ သူချက်ချင်းမင်းချစ်သူရင်ခွင်ထဲကကောင်လေးကို ကြည့်လိုက်မိတော့ သူအံ့သြတုန်လှုပ်ကာ နောက်သို့ဆုတ်မိသွားတယ်။

မင်းချစ်သူရင်ခွင်ထဲကကောင်လေးက သေချာပေါက် သူပင်။ သူကသွေးတွေပေရေနေပြီး မင်းချစ်သူရင်ခွင်ထဲမှာအသက်မရှိတော့သည်နှယ့် လဲလျောင်းနေတယ်။မင်းချစ်သူကသူကိုတစ်စုံတစ်ရာကို သူနားကပ်ကာတတွက်တွက်ပြောနေပေမယ့် သူဘာမှမကြားရဘူး။သူအနားပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်သွားပြီး။မင်းချစ်သူကသူခန္ဓာကိုယ်ကိုပွေ့ဖက်ပြီး ငိုယိုနေတယ်။ဘေးနားကလူတွေကသူကိုနားချနေသယောင်တစ်စုံတစ်ရာတွေပြောကြပေမယ့် သူကဘယ်သူကိုမှအနားပေးမကပ်ဘူး။

You've reached the end of published parts.

⏰ Last updated: Jul 29, 2023 ⏰

Add this story to your Library to get notified about new parts!

Please be by my sideWhere stories live. Discover now