Ep26(uni)

272 42 0
                                    

ဆင်းဝင်းအောက်မှာ အနက်ရောင်ကားတစ်စီးထိုးရပ်လာသည်။ထိုစဉ် အိမ်ထဲကနေလူတစ်အုပ်အပြေးအလွှာ ထွက်ကြိုလာကြသည်။ကားထဲကနေ တိမ်သောက်လွှာထွက်လာပြီး သူရှေ့ကထိတ်လန့်နေကြတဲ့လူတစ်အုပ်ကိုကြည့်ကာ

"ဘာဖြစ်ပြန်ပြီးလဲ ဟမ့်။တစ်ခုခုဖြစ်လို့လား။"

အိမ်တော်ထိန်းကသူ့တို့၏အိမ်တော်သခင်ကြီးကိုတွေ့တော့မှ စိတ်သက်သာရသွားဟန်

"သ..သခင်ကြီး သခင်လေးက စိတ်လွှတ်နေပြီး သူအကုန်လုံးကိုလိုက်သတ်နေတယ်။"

တိမ်သောက်လွှာ မျက်မှောင်ကြုတ်လိုက်တယ်။

"ဘယ်ကနေဘယ်လိုဖြစ်သွားပြန်တာလဲ။သူနေကောင်းသွားပြီးမဟုတ်လား။"

"မသိ မသိဘူး။သခင်လေး အိပ်နေရာကနေ အိမ်မက်ဆိုးမက်လို့ဖြစ်မယ် နိုးနိုးချင်ဘဲသူ....."

အိမ်တော်ထိန်းကမျက်စီမျက်နှာပျက်ကာ စကားဆုံးအောင်မပြောသော်လည်း တိမ်သောက်လွှာကသူဆိုလိုတာကိုအတပ်သိသည်။

"ဒိုင်း!!"

ထိုစဉ် အပေါ်ထပ်ကသေနတ်သံကိုကြားလိုက်ရတာကြောင့် အိမ်စေမလေးတစ်အုပ်တုန်လှုပ်သွားသလို တိမ်သောက်လွှာတို့လည်းလန့်သွားသည်။

"Oh Shit သေနတ်ကို ဘယ်ကောင်ကသူကိုသွားပေးထားတာလဲ။"

အိမ်တော်ထိန်း သူ့အပြစ်သူ့သိတာမို့ ခေါင်းငုံသွားသည်။

"တောင်းပန်ပါတယ် သခင်ကြီး။ကျွန် ကျွန်တော်က သခင်လေးရောဂါကသက်သာနေတော့ပေးလိုက်မိတာပါ။ပြီးတော့ ပေးထားတာကလည်း တော်တော်လည်းကြာနေပါပြီး။

တောင်းလို့မပေးရင်လည်း ရအောင်တောင်းတတ်တဲ့တူအကြောင်းသိတာကြောင့်လည်း တိမ်သောက်လွှာအပြစ်မပြောတော့ပေ။အမြန်သာ တိမ်မျှင်ကြိုးရဲ့အခန်းဆီသွားတော့သည်။

"Oh shit "

အခန်းတံခါးဖွင့်ပြီသားနဲ့တိမ်သောက်လွှာမျက်နှာမသတိလိုဖြစ်သွားသည်။တစ်ခန်းလုံးသွေးတွေနဲ့လူသေလောင်းတွေကြီးဘဲ။ထို့မြင်ကွင်းက တိမ်သောက်လွှာကိုအမြင်မစိမ်စေးပေမယ့် မသတိနေတုန်းဘဲ။

Please be by my sideWhere stories live. Discover now