Ep16

417 28 0
                                    

( Zawgyi)

တိမ်မျှင်ကြိုစက်ဘီးပေါ်ခွထိုင်ကာ ခြေထောက်တစ်ဖက်ဖြင့် မြေပေါ်ကိုထောက်ထားပြီး အဝေးကနေ စက်ဘီးလေးနှင်းလာသောမဟူရာကိုကြည့်ကာပြုံးပြလေ သည်။ဒီနေ့ တိမ်မျှင်ကြိုးက မဟူရာကိုမိဘမဲ့ဂေယာကို လိုက်ပို့ဖို့ချိန်းထားတာဖြစ်တယ်။မဟူရာကသူ့အိမ်ကိုမလာစေချင်တာကြောင့်ကျောင်းဘေးနားကသူအလုပ်လုပ်နေကျကားဝပ်ရှော့ရုံးရှေ့မှာချိန်းထားကြတာ။ယုန်လေးကအရမ်းချစ်ဖို့ကောင်းတာဘဲ။သူ့နဲ့ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေးဖြင့် တစ်ခါလောက်ငါကိုပြုံးရယ်ပြရင်ငါတော့သေပျော်ပါပြီး။ယုန်လေးကနတ်သားလေးအသွင်လိုဘဲ။ စက်ဘီးလေးဖြည်းညှင်စွာစီးလာပြီး တိမ်မျှင်ကြိုးရဲ့ဘယ်ဘက်ရင်ဘက်ကိုတိုက်ဝင် ..၀င်..။နေဦး စက်ဘီး၊အဲ့စက်ဘီးကပါလာတာလား။သူ၏အပြုံးများမှာမူ မဟူရာစီးနှင်းလာသောစက်ဘီးထံအကြည့်ရောက်ပြီနောက် ပျက်ကွက်သွားတော့သည် ။ဘာလို့ ယုန်လေးကစက်ဘီးကိုယူလာတာလဲ။  မဟုတ်သေးပါဘူး။ငါကကောဘာလို့စက်ဘီးယူလာမိတာလဲ။ယုန်လေးက အမြဲစက်ဘီးနဲ့သွားလာနေကြလေ။ ငါကိုကလျှာရှည်ပြီစက်ဘီးယူလာမိတာ။ကိုယ့်ကိုယ်ကိုတိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ချင်လိုက်တာ။

မဟူရာ တိမ်မျှင်ကြိုးအနားရောက်တော့ စက်ဘီးကိုရပ်လိုက်ကာ တစ်ယောက်ထဲကမ္ဘာပျက်နေသောတိမ်မျှင်ကြိုးကိုတစ်ချက်
ကြည့်ကာ

"ဘာလုပ်နေလဲ။သွားမယ်လေ။"

"ခဏ။ငါစက်ဘီးသွားထားလိုက်ဦးမယ်။"

မဟူရာနားမလည်သလိုဖြစ်သွားသည်။

"ဘာလို့လဲ။ မင်းပြောတော့ဝေးတယ်ဆို။မင်းလမ်းလျှောက်သွားမလိုလား။"

တိမ်မျှင်ကြိုးက မဟူရာရဲ့ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေကိုကြည့်ကာ အရှက်မရှိစွာပြောလိုက်သည်။

"ဝေးတာတော့မှန်တယ်။ဒါပေမယ့် ငါတို့ကသွားမယ့်နေရာကအတူတူဘဲလေ။ ငါတို့ကအခုလိုစက်ဘီးတစ်ယောက်တစ်စီးနဲ့သွားတော့ လမ်းပိတ်အောင်လုပ်လိုက်တာနဲ့အတူတူဘဲလေ။သူများတွေကိုဒုက္ခပေးရာကြတယ်။ ငါတို့ စက်ဘီးတစ်စီးထဲတူတူစီးတော့ သူများတွေကိုဒုက္ခပေးရာလည်းမကျတော့ဘူး။ငါတို့အချင်းချင်းလည်းသွားနေရင်လူမကွဲတော့ဘူး။ဘယ်လိုလဲ??။"

Please be by my sideTempat cerita menjadi hidup. Temukan sekarang