Ep5

568 66 0
                                    

(Zawgyi)

ကျယ်ဝန်းလှတဲ့အိမ်တော်ကြီးထရဲ့ဧည့်ခန်းထဲ ၁၁နှစ်အရွယ်မဟူရာသေးသေးလေးကအပြုံးလေးတစ်ပွင့်ဖြင့်  ရှေ့ကစားပွဲပေါ်တင်ထားတဲ့ ကိတ်မုန့်ကြီးကို ကြည့်နေတယ်။ ပြီးတော့ အနားမှာသူနဲ့ထပ်တူပျော်ရွှင်နေတဲ့ ဒေါ်လေးနွယ်ကိုလှည့်ကြည့်ပြီး

"ဒေါ်လေးနွယ် ဒီနှစ်တော့အဖေတို့လာမှာဟုတ်။"

ဒေါ်လေးနွယ်ကသူကိုပြုံးပြပြီး မဟူရာရဲ့ဆံပင်လေးတွေကိုပွတ်သပ်လိုက်တော့ ချစ်စရာကလေးလေးကအနက်ရောင်မျက်ဝန်းဝိုင်ဝိုင်းတွေမှိတ်ကျသွားသည့်အထိရယ်ပြလေသည်။ ပါးဖောင်ဖောင်လေးတွေဖြင့် မဟူရာလေးကချစ်ဖို့အရမ်းကောင်းနေသည်။

"လာမှာပေါ့ သခင်လေးရဲ့။ ပြောမရဘူးနော်။ သူတို့ကသခင်လေးမွေးနေ့မှာစပရိုတ်ဖြစ်အောင်လုပ်ဖို့လားမသိ။နောက်ကျနေတာ။"

မဟူရာမျက်လုံးတွေပုတ်ခက်ပုတ်ခက်လုပ်လိုက်သည်။

"ဟိုနေ့ကသားတို့ကြည့်တဲ့ ရုပ်ရှင်ထဲကလိုလား။"

"အင်းပေါ့။"

မဟူရာ လုံးဝပျော်ရွှင်သွားသည်။ ရုပ်ရှင်ထဲမှာ ကောင်မလေးမွေးနေ့မှာသူ့မိဘတွေက သူမသိအောင် ကိတ်မုန့်တွေလက်ဆောင်တွေပြင်ဆင်ပြီး ကောင်မလေးအံ့သြသွားအောင်လုပ်ကြသည်။ သူဆိုရင်ရော် အဲ့ကောင်မလေးလို သူဆိုရင်အံ့သြသွားမှာလား။ ဒါပေမယ့် သေချာတာတော့ သူတော်တော်ပျော်သွားမှာဘဲ။ သူ့မိသားစုကိုတွေ့ချင်နေခဲ့တာ။ ဒီနေ့တော့ တွေ့ရတော့မယ်။ သူ့အပျော်တွေကဖုံးကွယ်လို့တောင်မရဘဲ တစ်ချိန်လုံး တောက်ပတဲ့အပြုံးတွေပြုံးနေသည်။

ထိုစဉ် ခြံထဲဝင်လာတဲ့ကားသံကြားလိုက်ရသည်။ မဟူရာရဲ့အနက်ရောင်မျက်ဝန်းလေးတွေကတောက်ပသွားသည်။

"အဖေတို့လာပြီး။သူတို့လာပြီး။ သွားကြိုရမယ်။မြန်မြန်။"

အရှေ့ကိုပြေးထွက်သွားသည့် မဟူရာလေးကိုကြည့်ရင် ဒေါ်လေးနွယ်ရယ်မောနေသည်။ ဒီနေ့သခင်လေးတော့ ပျော်ရွှင်နေလိုက်တာ ဟုတွေးရင် အရှေ့ကိုထွက်လာခဲ့သည်။

ကားစက်ရပ်သံပြီးတော့ ကားပေါ်ကဆင်းလာသည့် ဦးရန်နိုင်သည် မဟူရာတစ်ချိန်လုံးစောင့်မျှော်နေတဲ့သူမဟုတ်ပါ။ ဦးရန်နိုင်ကကားနောက်ခန်းမှာ ထား ထား တဲ့ ကလေးစီးစက်ဘီး ။အရုပ်တွေကိုမဟူရာဘေးမှာချထားပေးသည်။ ပြီးတော့ ဦးရန်နိုင်က ကားအရှေ့ခန်းမှာထားထာတဲ့ကိတ်မုန့်ကိုယူကာ

Please be by my sideHikayelerin yaşadığı yer. Şimdi keşfedin