Ep18(Zawgyi)

331 19 0
                                    

(Zawgyi)

အစည်းအဝေးခန်းမဟုဆိုင်းဘုတ်တပ်ထားတဲ့ အလယ်ခန်းထဲမှ အသက်၅၀လောက်ရှိတဲ့ အဒေါ်ကြီးကထွက်လာကာ ပြောလေသည်။ အဒေါ်ကြီးရဲ့ပုံကသဘောကောင်းပုံပေါ်နေပြီး သူတို့ကိုနေပူထဲရပ်ခိုင်းတာမိတဲ့အတွက်အားတုံအားနာဟန်ရှိနေသည်။

တိမ်မျှင်ကြိုးက ထိုအဒေါ်ကြီးကိုခေါင်းညိတ်ပြကာ အေးဆေးတည်ငြိမ်စွာဖြေလေသည်။

"ကျွန်တော်က ကလေးတွေကို ထမင်းစားချိန်ရောက်ပြီးဆိုတော့ နေရာယူခိုင်းထားလို့။ ဒါက ခဏနေကျရင် ကလေးတွေကိုစာသင်ပေးမယ့်ဆရာပါ။သူက မဟူရာ...ယုန်လေး ဒီကအဒေါ်က ဒီမိဘမဲ့ဂေယာကိုတည်ထောင်သူပေါ့။ "

မဟူရာက ထမင်းစားချိန်ဆိုမှထမင်းစားခန်းကဘယ်မှာလဲ
လိုက်ရှာနေသည်။ တကယ်တော့ အခန်းငါးခန်းရှိတဲ့ထဲမှာ ထမင်းစား ခန်းဟူသောဆိုင်းဘုတ် မပါပေ။ အဲ့တော့ သူတို့ဘယ်မှာစားပါလိမ့်။ ခုနကသူတို့ဝင်တဲ့အခန်းက ညာဘက်ဘေးခန်းကအိပ်ခန်းကိုဝင်သွားသလိုဘဲ။ ယောင်တောင်တောင်နဲ့စဉ်းစားနေတုန်း တိမ်မျှင်ကြိုးက သူကိုထိုအဒေါ်ကြီးနဲ့မိတ်ဆက်ပေးတာကိုကြားတော့ ထိုအဒေါ်ကြီးကိုယောင်နနနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအဒေါ်ကြီးကသဘောကျရယ်ကာ

"လာ လာ ဆရာလေးတို့အထဲကိုလာကြ။အပြင်မှာနေပူတယ် ဆရာလေးတို့ရဲ့။"

အဒေါ်ကြီးက သူတို့ကို အစည်းအဝေးခန်းထဲကိုခေါ်လာခဲ့သည်။ အစည်းဝေးခန်းမက တော်တော်ကျယ်သည်။ ခန်းမမှာ လေးထောင့်စာပွဲခုံးအရှည် ကိုချထားပြီး ထိုစာပွဲခုံးဘေးမှာ ထိုင်ခုံးတွေဝိုင်းထားသည်။ အခန်းထဲမှာ ဘာပစ္စည်းမှထွေးထွေးမရှိပေးမယ့် နံရံမှာ ဆုံးမစာပေတွေများစွာကပ်ထားသည်။

"ဆရာလေးတို့လာတာစောသွားတယ် ဘာဘဲဖြစ်ဖြစ် ကလေးတွေထမင်းစားချိန်ရောက်နေပြီးဘဲ တစ်ခါတည်းဝင်စားလေနော်။"

ထိုအဒေါ်ကြီးကမဟူရာကိုကြည့်ုပြီး ပြောလာတော့ မဟူရာကဘာပြောရမလဲမသိတစ်ချက်တွေဝေသွားသည်။ အတိတ်ဘ၀တုန်းကလည်းသူကမြေအောက်လောက ကစီပွားရေးကိုလုပ်ခဲ့တာမှန်ပေမယ့် သူဘယ်တော့မှရှေ့မထွက်ခဲ့ပေ။ လူတွေနဲ့ပေါင်းသင်ဆက်ဆံခြင်းသိပ်မရှိဘဲ သူဘာသာထောင့်တစ်နေရာမှငြိမ်ကုပ်နေတတ်သူမို့ ရုတ်တရပ် အဒေါ်ကြီးကသူကိုဦးတည်ပြီး မေးလာတော့ သူငြင်းရမှာလား လက်ခံရမလား ငြင်းလိုက်ရင် အဒေါ်ကြီးကတကယ်ဝင်စားစေချင်လို့ခေါ်နေတာကြောင့် သူကိုအရင်ဘ၀ကလူတွေလိုသူကိုမောက်မာပြီမာနကြီးတယ်လို့ထင်သွားမလားဆိုပြီး တွေးနေမိတယ်။။ မဟူရာက သူကိုဘယ်အချိန်ကတည်းကပြုံးပြုံးကြီးကြည့်နေမှန်းမသိတဲ့ တိမ်မျှင်ကြိုးကိုမော့ကြည့်လိုက်သည်။

Please be by my sideWhere stories live. Discover now