Ep23(uni)

285 40 2
                                    

အခန်း ငယ် လေး အတွင်း မှာ မဟူရာသည်အိမ်မောကျနေသည်။ကုတင်ဘေးကမှိန်မှိန်လေးမီးအကူအညီဖြင့် အခန်းထဲတစ်စုံတစ်ယောက်ဝင်လာတဲ့အရိပ်မြင်နေရသည်။သို့သော် မဟူရာသည်ပြန်လည်မွေးဖွားလာတဲ့နေ့ကစပြီး ည၉နာရီထိုးတာနဲ့အိပ်လေ့ရှိတာကြောင့် သူ၏အခန်းထဲတစ်စုံတစ်ယောက်ကလသာဆောင်ကဝင်လာသည့်ကိုလုံးဝမသိပေ။

ထိုသူသည်တိမ်မျှင်ကြိုးဖြစ်သည်။

တိမ်မျှင်ကြိုးသည် အခန်းထဲသို့သက်သောင့်သက်သာဝင်လာခဲ့သည်။ မဟူရာ၏အခန်းထဲကိုသူအကြိမ်ဖန်များစွာရောက်ဖူးတာကြောင့် သူ့အတွက်အခက်အခဲမရှိပေ။ သူသည်အေးအေးဆေးဆေးပင် မဟူရာအိပ်မောကျနေတဲ့ကုတင်ဘေးဆီဖြည်းညှင်းစွာသွားသည်။

သူ့မဟူရာရဲ့အခန်းထဲတိတ်တဆိတ်ဝင်လာတိုင်း သူအမြဲလုပ်နေကြကတော့ ကုတင်ပေါ်မှာကြွေရုပ်လေးအလားချစ်စဖွယ်အိပ်မောကျနေတဲ့မဟူရာလေးကိုတစ်ညလုံးနီးပါးထိုင်ကြည့်နေတာဘဲ။ သူ့ကြွေရုပ်လေးကအချိန်မရွေးသူ့မျက်စိအောက်ကနေပျောက်ကွယ်သွားမှာကိုကြောက်တယ်။

တိမ်မျှင်ကြိုး ဖြည်းညှင်းစွာကုတင်ဘေးကကြမ်းပြင်ပေါ်ထိုင်ချကာ အိပ်ရာပေါ်ကမဟူရာမျက်နှာလေးကိုငေးမောနေသည်။ အမြဲတမ်းရှူမဝနိုင်တဲ့မျက်နှာလေးကအမြဲတမ်းငေးမောရတဲ့သူကိုဘယ်တော့မှမငြီးငွေ့စေဘူး။

မဟူရာလေးကသူ့မျက်စိရှေ့မှာငြိမ်သက်စွာအိပ်မောကျနေသော်လည်း သူ့ရင်ထဲကအပူတွေမငြိမ်းနိုင်။သူ့အရှေ့ကအမည်းရောင်စောင်အောက်မှာနစ်မြုပ်နေတဲ့မဟူရာလေးကအချိန်မရွေးအနီရောင်ရည်တွေကြားနစ်မြုပ်သွားမှာကိုကြောက်မိတယ်။

***************

မဟူရာစာရေးခုံပေါ်ကျောင်းသားကျောင်းသူတွေရဲ့အိမ်စာစာအုပ်အထပ်လိုက်တင်ကာ သူ့၏ကျောင်းတတ်တဲ့နေ့ရဲ့တစ်နေ့တာကိုစတင်လိုက်သည်။ကျောင်းသားကျောင်းသူတွေပိုက်ဆံကိုင်ကာသူ့နားမှာဝိုင်းလာသည်။

"ပိုးဟပ်ဖြူ ဒီနေ့တိမ်မျှင်ကြိုးမလာဘူးလား။"

နေသူရကဘာရယ်မဟုတ်အမြဲတမ်းမဟူရာနဲ့ပူးကပ်နေတဲ့တိမ်မျှင်ကြိုးကိုမတွေ့လို့မေးလိုက်ခြင်းဖြစ်သော်လည်း အတန်းထဲကကျောင်းသားကျောင်းသူတွေအားလုံးထိတ်လန့်ကုန်ကြသည်။ကိုယ့်လွယ်အိတ်ကိုယ်ပြန်ပြီး ကျောင်းပစ္စည်းအစုံပါလာလားကြည့်တဲ့လူကကြည့်၊ပိုက်ဆံလောက်လားကြည့်တဲ့လူကကြည့်နဲ့။

Please be by my sideDonde viven las historias. Descúbrelo ahora