Ep11

569 75 8
                                    

(Zawgyi)

မဟူရာကျောင်းဝန်းထဲကိုစက်ဘီးလေးတွန်းကာ ၀င်ခဲ့သည်။ကျောင်းမှာက ကလေးတွေမျောက်ရှုံအောင်ပြေးလွှာဆော့နေကြတာမို့ မတော်လို့တိုက်မိမှာစိုးတာကြောင့် စက်ဘီးလေးကိုသာတွန်းလာခဲ့သည်။ စက်ဘီးထားတဲ့နေရာရောက်တော့ တိမ်မျှင်ကြိုးကသူ့စက်ဘီးပေါ်ထိုင်ရင်မဟူရာကိုစောင့်နေတာတွေ့လိုက်သည်။ တိမ်မျှင်ကြိုကျောင်းအစောကြီးလာတဲ့နေ့တိုင်အမြဲဒီလိုဘဲ။ မဟူရာထက်စောစောလာမယ်။ပြီးတော့ ရပ်ထားတဲ့စက်ဘီးပေါ်ထိုင်စောင့်နေမယ်။ တားလည်းမရတာမို့လွှတ်ထားလိုက်တယ် ။ ဘာဘဲဖြစ်ဖြစ် အခုလိုတိမ်မျှင်းကြိုးရဲ့လုပ်ရပ်သေးသေးလေးတွေက သူကိုပျော်စေတာတော့အမှန်ဘဲ။
မဟူရာကိုတိမ်မျှင်ကြိုးတွေ့တော့လှမ်းပြုံးပြလာသည်။ မဟူရာပါးပြင်ကပူနွေးလာသလိုခံစားရပြီး ယောင်ယောင်မှားမှားဖြင့် ခေါင်းညိတ်လိုက်မိတယ်။တိမ်မျှင်ကြိုးရပ်ထားတဲ့စက်ဘီးနားမှာ သူစက်ဘီးကိုဒေါက်ထောက်လိုက်သည်။

"မနက်စာစားပြီးပြီလား။ယုန်လေး။"

တိမ်မျှင်ကြိုးက ထိုင်နေရာကထကာမဟူရာစက်ဘီးခြင်ထဲကစာအုပ်တွေယူကာမေးလိုက်သည်။ တခြားလူတွေကမဟူရာကို စာတော်ပြီး အသားဖြူဖြူနဲ့မို့ပိုးဟက်ဖြူလို့ခေါ်ပေမယ့် တိမ်မျှင်ကြိုးကတော့သူများနဲ့မတူချင်တာကြောင့်ဆိုပြီး သူကိုယုန်လေးလို့ခေါ်သည်။ မဟူရာကကျောင်းအခန်းထဲကိုဦးတည်လိုက်ရင်ဖြေလိုက်သည်။

"မစားရသေးဘူး။မင်းရော"

"အင်း ငါလည်းမစားရသေးဘူး။ မင်းဘာစားမှလဲ ငါဝယ်ခဲ့ပေးမယ်။မင်းအခန်းထဲသွားနှင့်။"

"မင်းဘာသာကြိုက်တာဝယ်ခဲ့"

ဘာဘဲဖြစ်ဖြစ်တိမ်မျှင်ကြိုးဆိုသည့်လူသားက သူအကြိုက်တွေကိုအကုန်သိတယ်လေ။ ဒါကြောင့် တိမ်မျှင်ကြိုးဝယ်ခဲ့တာကသေချာပေါက် သူမကြိုက်အရာဖြစ်နေမှာမဟုတ်ပေ။

"Okလေ"

"ငါကိုစာအုပ်တွေ ပေး"

မဟူရာ သူ့လက်ထဲကစာအုပ်တွေလှမ်းတောင်းလိုက်သည်။

"ဘာဖြစ်လို့လဲ။ငါသယ်ခဲ့ပါမယ်။"

"မင်းမုန့်သွားဝယ်မယ်မလား။ ငါကိုပေးလိုက် တော်ကြာပြုတ်ကျနေမှငါတို့ငတ်နေမယ်။"

Please be by my sideWhere stories live. Discover now