(Zawgyi)
မဟူရာ စက်ဘီးထားကာအိမ်ထဲဝင်ခဲ့တော့ Sofaပေါ်မှာထိုင်ကာComputerသုံးနေတဲ့မဟူရာရဲ့အစ်ကိုနှစ်ယောက်ထဲကဒုတိယမြောက်အစ်ကိုနှောင်းရစ်ဖွဲ့ကိုတွေ့လိုက်ရသည်။
"သခင်လေး အစ်ကိုကတွေ့ချင်တယ်တဲ့။သွားလေ ဒေါ်လေးနွယ်ကတော့သခင်လေးအတွက်ထမင်းဟင်းတွေခူးထားနှင့်မယ်။"
"ဟုတ်"
ဒေါ်လေးနွယ်က ညီအစ်ကိုကြားမှာဝင်မရှုပ်ချင်တာကြောင့် မဟူရာလွယ်ထားတဲ့ကျောပိုးလွယ်အိတ်ကိုယူပြီး ရှောင်ထွက်သွားသည်။
မဟူရာကတော့ အစ်ကိုနားသွားကာ မျက်နှာချင်ဆိုင်မှာဝင်ထိုင်လိုက်သည်။
"အစ်ကိုနှစ် ပြောစရာရှိတယ်ဆို။"
အဲ့တော့မဟူရာအနားရောက်လာမှန်းသတိထားမိသွားကာ ပေါင်ပ်ါတင်ထားတဲ့ Computerကို ရှေ့ကစားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ ညီဖြစ်သူကိုပြန်ကြည့်ကာ နှေင်းရစ်ဖွဲ့ရဲ့မျက်လုံးတွေထဲမှာစိတ်ရှုပ်ထွေးဟန်တစ်ချက်ပေါ်သွားသည်။ ဒါပေမယ့်လည်း ခဏလေးပါဘဲ။
"အင်း အစ်ကိုလာတာ ညီလေးပြောစရာရှိလို့။"
"ဟုတ်"
မဟူရာ အစ်ကိုနှစ်ဆီကတစ်စုံတစ်ရာပြောလာမှာကိုစောင့်နေတယ်။ ဒါပေမယ့် အစ်ကိုနှစ်ကသူကိုအကြာကြီးစိုက်ကြည့်လာပေမယ့် ဘာမှမပြောလာသေး။
"အစ်ကိုနှစ်?"
"ဟမ် အေးအေး အဲ့ဒါကလေ....
အဖေတို့ကိုယ်စားညီလေးကိုပြောပြဖို့။ညီလေး မင်းကငယ်ငယ်လေးထဲကစေ့စပ်ထားတာ မင်းကျောင်းပြီးရင်လက်ထပ်ရတော့မယ် ဒါပေမယ့်တစ်ဖက်လူကယောကျာင်္းလေးဖြစ်နေတယ်!!။"ငီး...သွားပြီး။ နှောင်းရစ်ဖွဲ့ပြောချင်တာပြောပြီးထိတ်လန့်သွားသည်။ ပြီတော့ အံ့သြသွားတဲ့မဟူရာကိုကြည့်ပြီး စိတ်ထဲမှာ ကိုယ်ကိုကိုယ်လက်သီးနဲ့ထိုးနေမိတယ်။
အခုရက်ပိုင်း မဟူရာလေးရဲ့ငယ်ငယ်ကစေ့စပ်ထားတဲ့စေ့စပ်ပွဲကြောင့် မဟူရာကလွဲ တစ်မိသားစုလုံးစိတ်ညစ်နေကြတယ်။ တစ်ဖက်လူကမဟူရာကို၁၀ကျောင်းပြီးသားနဲ့ လက်ထပ်တော့မယ့်ဖြစ်ကြောင်းပြောလာပြီး။ ဒါပေမယ့် သူတို့ကမဟူရာကိုလက်မထပ်စေချင်ဘူး။
ВЫ ЧИТАЕТЕ
Please be by my side
Фэнтезиငါပြန်လည်မမွေးဖွာလာခင်တုန်းက ငါအချစ်ကိုတောင်းတဖူးတယ်။ငါလိုချင်တဲ့အချစ်ဆိုတဲ့အရာရဖို့ မျိုးစုံကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ငါရခဲ့တာတွေကပိုက်ဆံ၊ တန်းဖိုကြီးပစ္စည်းတွေ။ ငါအဲ့တွေကိုဘာလုပ်ရမှာလဲ။ ငါလိုချင်တာတွေကအဲ့ဒါတွေမှမဟုတ်တာ။ ငါပြန်လည်မွေးဖွားလာတော့ င...