Ep31(uni)

162 27 0
                                    

တိမ်မျှင်ကြိုးစိတ်ထဲကနှင်းဆီကိုစိတ်ကြိုက်မေတ္တာပေးပို့ရင် မီးမှိန်မှိန်အောက်မှာ ကျိန်သေပေါက် မျက်နှာနီရဲရဲဖြစ်သွားမယ့်မဟူရာကိုကြည့်ကာအရှက်ပြေရယ်လိုက်သည်။ တိမ်မျှင်ကြိုးကလုံးဝကိုအရှက်မဲ့သောလူတစ်ယောက်ဖြစ်သည်။ဒါကပထမဦးဆုံးသူရှက်မိခြင်းဖြစ်သည်။အရင်ဘဝကမဟူရာဘေးမှာနေခဲ့ပေမယ့် အလုပ်ကိစ္စလွဲပြီးရင်းရင်းနှီးနှီးမနေခဲ့ပါ။ အခုတော့သူရဲ့ဘဝနှစ်ဘဝလုံးလုံးစောင့်ထိန်းလာတဲ့သိက္ခာတွေမရှိတော့ဘူး။တခြားသူရှေ့မှာကိစ္စမရှိ မဟူရာရှေ့မှာကျတော့ အင်း...ဒါကကိစ္စရှိသွားပြီ။

"ဟဲဟဲ အမ် ဒါကိုကိုယ်လုံးဝမကြည့်ဘူးဆိုမင်းယုံမှာလားဟင်။"

တိမ်မျှင်ကြိုးကိုမျက်နှာချင်မဆိုင်ရဲပေ။သူအခုထိအဲ့ဒါတွေမြင်ယောင်နေပြီး အသံတွေကကြားယောင်နေဆဲဘဲ။တိမ်မျှင်ကြိုးကလုံးဝအဲ့ဒါတွေကြည့်မယ်လို့မထင်ထားရဘူး။အင်း...လူတိုင်ကကိုယ်အကြိုက်နဲ့ကိုယ်ဘဲလေ။တိမ်မျှင်ကြိုးရှက်သွားမှာစိုးတာကြောင့် မဟူရာကမဝံ့မရဲချောင်းကြည့်ကာ ခေါင်းအတင်းညိတ်လိုက်သည်။

"ယုံတယ် ယုံတယ်။"

တိမ်မျှင်ကြိုးကမဟူရာရဲ့အကြောင်းကိုမဟူရာကိုယ်တိုင်ထက်တောင်ပိုသိသေးတယ်။အခုလိုမဟူရာလေးရဲ့ဖြစ်ပျက်နေပုံကိုမြင်တော့ သူငိုမဲ့မဲ့ဖြစ်ချင်သွားသည်။

သွားပြီး သူတကယ်မယုံဘူးဘဲ။

"အင်းးးတကယ်ကိုယ်ကအဲ့ဒါတွေကသူများဆီကငှားလာတာ ဘာကားမှန်းမသိခဲ့ပါဘူး။ ဒါနဲ့မင်းသူတို့နမ်းတာတွေ့တော့ရွံ့လား။"

ရွံ့လား အမှန်တော့မဟူရာလုံးဝမရွံ့ပါ။ ဒါကြောင့်သူခေါင်းခါလိုက်သည်။

"မင်းရော။"

တိမ်မျှင်ကြိုးပြုံးလိုက်သည်။ သူအခုသူစဉ်စားထားသမျှစကားလုံးတွေနဲ့မဟူရာကိုမြူစွယ်ရတော့မယ်။

"ဟင့်အင်း ကိုယ်တော့မရွံ့ပါဘူး။ ဘယ်မှာရွံ့စရာကောင်းလို့လဲ မင်းသာသူတို့အပေါ်နာလည်မှူတွေနဲ့ကြည့်မြင်ပေးလိုက်ရင်သူတို့ကိုရွံ့နေမှာမဟုတ်ဘူး။ အချစ်မှာ ဒီလူကိုဘဲချစ်ပါ ဟိုလူကိုဘဲချစ်ပါလို့လူတွေလိုက်သတ်မှတ်နေလို့မှမရတာ ။ ပြီတော့သူတို့အချင်းချင်းရင်ခုန်သံချင်ထပ်တူညီလို့ပေါင်းဖက်ကြတာလေ သူတို့လည်းပျော်ရွှင်နေရတာဘဲ သူတို့ကချစ်မိသွားရုံလေးပါ သူတို့မှာအပြစ်မှမရှိကြတာနော်။"

Please be by my sideNơi câu chuyện tồn tại. Hãy khám phá bây giờ