Ep1(uni)

1K 64 0
                                    

ခေါင်းထဲမှာတစစ်စစ်နာကျင့်မှုသည် ခံရခက်လာသည်။ ဘေးမှာကျထားတဲ့ဘယ်လက်ကိုနှဖူးပေါ်တင်လိုက်မိသည်။ မျက်လုံး မဖွင့်ရသေးခင် အရင်စဉ်းစားလိုက်မိသည်က သူမသေသေးတာ။ ဘာကြောင့်မသေသေးတာလဲ။ ၆ထပ်တိုက်ကနေခုန်ချတာလေ။

"သခင်လေး နိုးနေပြီးလား။ သက်သာရဲ့လား။"

မဟူရာရဲ့နှဖူးကိုလက်ဖဝါးနဲ့လာစမ်းရင်ပြောတာကြောင့် မဟူရာမျက်လုံးတွေအမှတ်မဲ့ဖွင့်မိသွားသည်။

"ဟင်"

မဟူရာအံသြသွားတာကြောင့် အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေကပြူးကျယ်သွားသည်။ ဒေါ်လေးနွယ် ဘယ်ကနေဘယ်လို...။ဒေါ်လေးနွယ်သေသွားတာကြာပြီးလေ။ နေဦး ငါသေပြီး ငရဲပြည်များရောက်နေတာလား။ မဟူရာချက်ချင်းအိပ်နေရာမှ ငေါက်ခနဲ့ထလိုက်သည်။မဟူရာရဲ့အနက်ရောင်မျက်ဝန်းဝိုင်ဝိုင်းလေးတွေဟာ တောင်ကြည့်မြောက်ကြည့် နဲ့ဖြစ်နေသည်။ ဒီ ဒီအိမ်က မဟူရာငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်ဘဲ။ ငါ ဘယ် လို ပြန် ရောက်....။

မဟူရာအတွေးမဆုံးခင်မှာဘဲ အကြည့်တွေကတစ်နေရာမှာရပ်သွားပြီး။ ပါးစပ်လေးဟောင်လောင်ဖြစ်သွားသည်။ ကုတင်ဘေးနားက ကိုယ်လုံးပေါ်မှန်ထဲမှာ အသားဖြူဖြူ။ပိန်ပိန်သေးသေးလေးဖြင့် ချစ်စသဖွယ်၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူကို အနက်ရောင်မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့အံသြနေပုံနဲ့ကြည့်နေသည်။

ဒါ ဒါ သူမလား။ သူငယ်ငယ်တုန်းကပုံလေ။ မဟူရာ မယုံသင်္ကာနှင့် သူကိုယ်သူ ပြန်ကြည့်လိုက်တော့ တကယ်ဘဲ သူငယ်ငယ်တုန်းကအတိုင်းဘဲ။ ဘာ လား သူပြန်မွေးဖွားလာတာလား။ ဒါကအိပ်မက်လား။ဒါမှမဟုတ် ငါ ကို ဘုရားကအခွင့်အရေးတစ်ကြိမ်ပေးလိုက်တာလား။

"သခင်လေး ဘာတွေပြူးပြူးကျယ်ကျယ်တွေလုပ်နေတာလဲဟင်။"

မဟူရာ ဒေါ်လေးနွယ်စကားကြားတော့မှ သတိဝင်လာသည်။

"နေရတာသက်သာရဲ့လား။ ဒေါ်လေး ဆရာဝန်း ခေါ်လိုက်မယ်နော်။"

မဟူရာခေါင်းအသာခါရင် အိပ်ရာပေါ်လဲချလိုက်ကာ မျက်လုံးတွေမှိတ်လိုက်သည်။ ဒေါ်လေးနွယ်က မဟူရာ ရဲ့ပုံစံလေးကိုကြ ည့်ကာ တစ် မျိုး ထင် သွား သည်

Please be by my sideTempat cerita menjadi hidup. Temukan sekarang