Ep27(uni)

399 39 11
                                    

မဟူရာစက်ဘီးခြင်းထဲက စာအုပ်တွေနဲ့ပစ္စည်းတွေထည့်ထားတဲ့အိတ်ကိုယူပြီး ဂိတ်စောင့်နေတဲ့အတန်းဖော်တွေဆီအရင်သွားလိုက်သည်။

"ဘာလုပ်စရာကျန်သေးလဲ။မင်းငါကိုပေးမယ့်ပိုက်ဆံကိုအသင်းကြေးအနေနဲ့ယူလိုက်နော်။"

"အင်း အင်း။လုပ်စရာကတော့ဘာမှမကျန်တော့ဘူး။ဂိတ်စောင့်ဖို့ဘဲကျန်တော့တာ။သွား မင်းမနက်စာမစားခင် အသင်းခေါင်းဆောင်စိုးကိုဆီမှာလက်မှတ်သွားထိုး။ပြီးရင်မနက်စားအမြန်စားပြီး ဂိတ်လာစောင့်။ခဏနေတာဝန်ကျတဲ့ဆရာမလာစစ်လိမ့်မယ်။"

"Ok"

ဒီနေ့လည်းတိမ်မျှင်ကြိုးနောက်ကျပြန်တာမို့ မဟူရာတစ်ယောက်ထဲလွယ်အိတ်ကော၊လက်ထဲကစာအုပ်တစ်ထပ်လိုက်၊ပလက်စတစ်အမည်းရောင်အိတ်ထဲကပစ္စည်းတချို့နဲ့လူပိနေသည်။

ဂိတ်စောင့်နေတဲ့အတန်းဖော်ကမဟူရာလက်ထဲကပစ္စည်းတွေကိုကြည့်ရင် မျက်ခုံးကခပ်လှုပ်လှုပ်ဖြင့်။ခါတိုင်းဆို မဟူရာကလွယ်အိတ်နဲ့လက်ထဲကအိမ်စာစာအုပ်တစ်ထပ်ဘဲယူလာလေ့ရှိတာ။ ရံဖန်ရံခါမှာတော့အပိုပစ္စည်းတွေထည့်ထားတဲ့အိတ်လေးပါလာတတ်တယ်။အဲ့နေ့ကတော့ထုံစံအတိုင်း မဟူရာဈေးရောင်းကောင်းတဲ့နေ့ဖြစ်ပြီး သူတို့ကပိုက်ဆံကုန်တဲ့နေ့ဖြစ်တယ်။

"အမ်း...ပိုးဟပ်ဖြူမင်းရဲ့အဲအိတ်ထဲမှာဘာတွေရှိလဲဟင်။"

အတန်းဖော်ကမေးလိုက်သည်။ဘာဘဲဖြစ်ဖြစ် ပိုက်ဆံကုန်ဝယ်မယ့်အစားကျောင်းမတတ်ခင်သူများအခန်းဆီကလိုက်ငှားထားလို့ရအောင်မေးလိုက်ခြင်းဖြစ်သည်။သို့သော် တစ်ဖက်လူကစီးပွားရေးသောင်းကျန်းသမားဖြစ်သည်။ပေးသိလိုက်ရင် သူဆီမှာမဝယ်ဘူးဆိုတာသိနေတယ်လေ။လုံးဝမျက်နှာသေနဲ့အတန်းဖော်ကိုလျစ်လျူရှုကာ အတန်းဆီကိုဦးတည်သွားလေသည်။

"ဟျောင့်ရေ ပိုးဟပ်ဖြူကငါကိုလျစ်လျူရှူသွားတယ်ကွ။ငါသိနေတယ် ဒီနေ့တော့သွားပိုက်ဆံကုန်မယ့်နေ့ဘဲ။ဟျောင့် သူငယ်ချင်းလေးပိုက်ဆံချေးထားပါလားကွ။"

အတန်းဖော်ကဘေးနားကသူနဲ့အသင်းတူလို့ဂိတ်မှာတာဝန်ကျတဲ့တခြားခန်ူကသူငယ်ချင်းကိုငိုမဲ့မဲ့နဲ့ပြောလိုက်သည်။တခြားခန်းကတစ်ယောက်ကနားမလည်ဟန်ဖြင့်

Please be by my sideWhere stories live. Discover now