Ep30(uni)

165 21 7
                                    

ကျောင်းpageပေါ်ကpostကြောင့် မိဘတွေခေါ်တဲ့အထိဖြစ်ကုန်သည်။ကျောင်းသားတွေနဲ့ကျောင်းနာမည်ပါပျက်မှာစိုးတာကြောင့် postကိုပြန်ဖျက်လိုက်ပေမယ့် ဒီအဖြစ်အပျက်က ကျောင်းသားကျောင်းသူတွေရဲ့ပါးစပ်ဖျားကနေမပျောက်ကွယ်နိုင်ပေ။ ဇော်ဝေဖြိုးတို့မိဘတွေကတော့ဒေါသထွက်နေကြပေမယ့် မြင့်မြတ်သူရဲ့မိဘတွေကတော့ပျော်ရွှင်နေကြသည်။ ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး သူတို့ဘက်နေအလျော်များများတောင်းဖို့သာတွေးတောနေကြသည်။

"ငါ့သမီးလေးကဒီတစ်ခါအရမ်းတော်တာဘဲ ။ ငါ့သမီးလေးရဲ့ချောမောမှုတွေကြောင့် မေမေတို့တော့ချမ်းသာပြီ။"

မြင့်မြတ်သူရဲ့အမေဒေါ်မိုးသူဇာသည် သမီးမျက်နှာပျက်နေတာကိုဂရုမစိုက်ဘဲပျော်ရွှင်စွာပြောလိုက်တာကြောင့် မြင့်မြတ်သူစိတ်ထဲတွင်မကျေနပ်ပေ။သူမမိဘတွေ သူမကိုအသုံးဆောင်ပစ္စည်းလိုသဘောထားနေကြသည်။သူတို့သူမဘယ်လောက်သိက္ခာကျသွားလဲမပူပန်ဘဲ ပိုက်ဆံအကြောင်းဘဲတွေးနေကြတယ်။

သူမကတော့ သူမအနာဂတ်အတွက်တွေးပူနေသည်။ တကယ်ဆိုဒီဇော်ဝေဖြိုးတို့သုံးယောက်ကဘာအသုံးကျလို့လဲ။သူမကကုမ္မဏီပိုင်ရှင်ရဲ့မိန်းမဖြစ်ချင်ခဲ့တာလေ။ သူမကခဏတာပျော်ရွှင်ဖို့ဘဲသူတို့သုံးယောက်ကိုတွဲခဲ့တာ ဒါပေမယ့် အခုသူမရဲ့ရည်မှန်ချက်တွေပျက်ကုန်ပြီး။ သူမကငယ်သေးတယ် သူမဗိုက်ထဲက ကလေးလေးကိုလူမသိသူမသိပျက်ချပြီးသူမအပျိုဆက်လုပ်လို့ရသေးတယ်။ အခုတော့ ဘယ်သူဌေးသားကသူမကိုယူတော့မလဲ။ သူမသိက္ခာတွေအကုန်ရေဆုံးမျောကုန်ပြီး။

တောက်စ် ပြောတော့မဟူရာကိုသူမဗိုက်ထဲကကလေးလေးကိုတာဝန်ယူခိုင်းမယ်ဆို ဘာကြောင့်ဒီpostကိုတင်ရတာလဲ။

မြင့်မြတ်သူစိတ်တိုစွာတွေးနေခဲ့ပေမယ့် ဒီpostကိုတင်တာ ဇော်ဖြိုးဝေတို့အဖွဲ့မဟုတ်မှန်းသူမသိနေသည်။ဘာကြောင့်ဆို ဇော်ဖြိုးဝေတို့က သူမကိုအပျော်ဘဲကြံတာ တာဝန်ယူဖို့ဆိုတာဝေးပါ့။ဒါကြောင့် သူမကိုယ်ဝန်ရတော့သူတို့ကိုမဟူရာနဲ့ချိတ်ခိုင်းစေသည်။ ဘာဘဲဖြစ်ဖြစ်မဟူရာကသားအငယ်ဆုံးဖြစ်ပေမယ့် သူမသာမဟူရာနောက်မှာနေပြီးကြိုးကိုင်လိုက်ရင် မဟူရာကအမွေဆက်ခံသူဖြစ်ကိုဖြစ်စေရမယ်။ သူမလည်းချမ်းသာပြီ သူမကိုပစ္စည်းတစ်ခုလိုသဘောထားနေတဲ့မိဘတွေဆီကနေအပြီအပိုင်ထွက်လာလို့ရမှာ ။ဒါကြောင့် သူမကိုယ်ဝန်ကိုမဟူရာနဲ့ရတာပါဆိုပြီသတင်းလွင့်ဖို့သူမတို့လေးယောက်ကလက်ဝါးချင်ရိုက်ထားတာ။ဘယ်သူသိမလဲ သူမတို့အစီအစဉ်တွေပျက်သွားမယ်ဆိုတာ။ဒီကိစ္စကိုသိတာဆိုလို့ သူမတို့လေးယောက်ဘဲရှိတာ။လေးယောက်ထဲကတစ်ယောက်ယောက်ကဒီသတင်းကိုလွင့်လဲဘာအကျိုးမြတ်ရတာမှမဟုတ်တာ။
မြင့်မြတ်သူ သူမနှုတ်ခမ်းကိုတင်းကျပ်စွာ ကိုက်လိုက်သည်။
ဒါဆိုနောက်ကွယ်ကလူကဘယ်သူလဲ။

Please be by my sideDonde viven las historias. Descúbrelo ahora