19

278 22 0
                                    

(Zawgyi)
"ထိုင်လို့ရတာပေါ့ ယုန်လေးရ။ ပြီးတော့ဒါကအများပိုင်လေ။ပိုင်ရှင်ကိုဂရုစိုက်နေစရာမလိုပါဘူး။"

မဟူရာရဲ့ချစ်စဖွယ်အပြုအမှူတွေထဲကတစ်ခုမှာ တစ်စုံတစ်ရာကိုအသုံးမပြုခင်တစ်နေရာရာမှာ မထိုင်သေးခင်အရင်ခွင့်တောင်းတတ်သည်။အဲ့အပြုအမှူတွေကိုက တိမ်မျှင်ကြိုးရင်ကို မသိမသာလှုပ်ခက်စေသည်။

တိမ်မျှင်ကြိုးကပြောနေရင် သူ့ဘေးနားကထိုင်ခုံးကို လက်ဖြင့်ညွှန့်ပြပြီး မဟူရာကိုသူ့ဘေးနားထိုင်စေချင်သည်။

ပြီတော့သူ့ဘေးနားမှာဝင်ထိုင်လာတဲ့မဟူရာလေးကိုစောင်းငဲ့ကြည့်ရင်း သူ့အလိုလိုပျော်ရွှင်လို့နေမိတယ်။ယုန်လေးကသူအနီးအနားမှာဘဲ။သူ့ယုန်လေးကိုပွေ့ဖက်အနမ်းပေးဖို့ အခြေအနေတစ်ခုဘဲလိုတော့တယ်။ ပြီးရင် မဟူရာကသူ့၏တရားဝင်အပိုင်ဖြစ်သွားပြီး။ သူ့အပိုင်ကိုဘယ်သူမှထိခွင့်မပေးတော့ဘူး။မဟူရာလေးကိုဝမ်းနည်းအောင်၊ငိုကြွေးအောင် ဘယ်သူမှလုပ်ခွင့်မရှိတော့ဘူး။

သူမိသားစုအပါအ၀င်ပေါ့။

"ဆရာလေးတို့ ၀င်ခွင့်ပြုပါ။"

မဟူရာအခန်းဝကို လှမ်းကြည့်လိုက်တော့ ခွက်နှစ်ခွက်နှင့်ပန်းကန်တစ်ပန်ကန်း ထည့်ထားတဲ့ ဗန်းကိုကိုင်ထားတဲ့ကလေးမလေးနှစ်ယောက်ကိုတွေ့လိုက်ရသည်။ ကလေးနှစ်ယောက်ကချစ်ဖို့ကောင်းသလို လိမ္မာယဉ်းကျေးသေးသည်။မဟူရာခေါင်းညိတ်ပြလိုက်တော့ အထဲဝင်လာပြီး သူတို့ထိုင်နေတဲ့အရှေ့ကစာပွဲပေါ်ကို ဗန်းထဲကခွက်နှစ်ခွက်နှင့်ပန်းကန်းကိုထုတ်ယူပြီးတင်ထား လိုက်သည်။

"ဆရာလေးတို့သုံးဆောင်ပါဦးရှင့်"

"ဟုတ်။ကျေးဇူးပါ။"

တကယ်တော့ အခုလက်ရှိက ကလေးမလေးတွေနဲ့မဟူရာနဲ့လည်းအသက်သိပ်မကွာခြားပါ။ ကလေးမလေးတွေထွက်သွားတော့ စာပွဲက ကော်ဖီနှစ်ခွက်နဲ့ကောက်ညှင်ငချိတ်ကိုမြင်ကွင်းမှာေ တွ့လိုက်သည်။

"မင်းကော်ဖီမသောက်ဘူးမလား။ငချိတ်ပေါင်းကိုစား "

ဒါလည်းသူသိတာဘဲလား။ မဟူရာကတကယ့်လည်းကော်ဖီကိုမသောက်တတ်ပေ။မကြိုက်တာလို့ပြောရင်ပိုမှန်သည်။ သူကခါးတဲ့အရာမှန်းသမျှမကြိုက်ပေ။

Please be by my sideUnde poveștirile trăiesc. Descoperă acum