Ep25(Zawgyi)

155 13 0
                                    

မဟူရာ လက်ထဲကအအေးခွက်ကိုစားရေးခုံးပေါ်တင်ကာ ဘေးနားကထမင်းစားနေတဲ့အချိန်တစ်ချိန်လုံးအလွှတ်မပေးဘဲကြည့်နေတဲ့တိမ်မျှင်ကြိုးကိုမျက်နှာသေနဲ့ကြည့်လိုက်သည်။

"မင်းစားပြီးပြီလား။စားပြီးရင်လည်းထတော့ ခဏနေစာသင် တော့မယ်"

တိမ်မျှင်ကြိုးစပ်ဖြဲဖြဲနဲ့ရယ်လိုက်တယ်။

"မင်းမနက်ကကိစ္စကိုရှက်နေတုန်းလား။"

မနက်ကကိစ္စလား။မနက်ကကိစ္စကြောင့် မဟူရာလုပ်စရာရှိတဲ့အလုပ်တွေပစ်ပြီး အခန်းပြင်မှာ နာရီဝက်လောက်အချိန်ဖြုန်းကာမေ့ပျောက်ထားလိုက်ရတယ်။
တိမ်မျှင်ကြိုးကလည်း တမင်သက်သက်ကိစ္စကိုပြန်ဖော်ခြင်းဖြစ်တယ်။

"တို့ကစတာကိုစကားပြန်မပြောတော့တဲ့ထိစိတ်ဆိုးသွားတာလား။တောင်းပန်ပါတယ်နော် ယုန်လေး။မင်းငါကိုစကားဆက်မပြောတော့ရင်ငါနာကျင်ပြီး အထီးကျန်ဆန်နေတော့မှာ။"

တိမ်မျှင်ကြိုးသည် တောင်ပန်းပါတယ်ဟုနှုတ်ကတစ်ဖွဖွပြောနေသော်လည်း လက်ကဖြင့်မဟူရာရဲ့ပုခုံးပေါ်တင်ပြီးပြီ။ကျန်လက်တစ်ဖက်ကမဟူရာအအေးခွက်ကိုင်ထားတဲ့လက်ကိုဆုပ်ကိုင်ကာအသားယူနေတယ်။

ရုတ်တရပ်ပင်ထိတ်လန့်သွားပြီးမဟူရာကတွန်းဖယ်သော်လည်း တိမ်မျှင်ကြိုးဆိုသည်ကား ပထမတစ်ခါဘဲအလွှတ်ပေးလိုက်မယ်။ဒုတိယအခါတော့အလွှတ်ပေးမည့်လူမျိုးမဟုတ်တော့ မဟူရာဘယ်လောက်တွန်းဖယ်ပါစေ တိမ်မျှင်ကြိုးကအပြုံးမပျက်သလို ရွေ့တာင်မရွေ့သွားပင်။

မဟူရာအသက်ပြင်းပြင်းရှုလိုက်သည်။

"တိမ်မျှင်ကြိုး မင်းလွှတ်သင့်ပြီးနော်။"

"ဘာကိုလဲ။မလွှတ်ပါဘူးနော်။ငါလွှတ်လိုက်ရင် မင်းငါကိုစကားမပြောဘဲနေလိမ့်မယ် အဲ့လိုဆိုငါနာကျင်မိမှာ။"

"အဟမ်း အဟမ်း ငါတို့နေ့လည်စားလေးကောင်းကောင်းစားပါစေဦး။မင်းတို့ကအရမ်းကို အင်း ပိုလွန်းတယ်မထင်ဘူးလား။"

နေသူရမနေနိုင်မထိုင်နိုင်ဝင်ပြောလိုက်သည်။နေ့လည်စားတစ်ခါလေးအေးဆေးစားချင်းပါတယ်ဆို အနောက်ကနေ တစ်ခါထဲ အနှောင့်အသွားမလွတ်တဲ့စကားတွေ ကြားနေရလိုက် ဘေးကအတန်းခေါင်းဆောင်ကလည်း သူများယောကျာင်္းလေးသူငယ်ချင်းနှစ်ယောက်သူတိုဘာသာစနောက်နေတာကို ထိုင်နားထောင်နေတယ်။သူထိုင်နားထောင်ကအကြောင်းမရှိ။ရှိတာကသူဘာသာသူအသံတိတ်အော်ဟစ်နေပြီး နေသူရရဲ့ပေါင်ကိုအသေလာညစ်ထားတာဘဲ။ မိန်းကလေးကယောက်ကျာ်းလေးပေါင်ကိုအလွယ်တကူကိုင်စရာလား။အရှက်မဲ့လိုက်တာ။

Please be by my sideHikayelerin yaşadığı yer. Şimdi keşfedin