Ep14

528 73 7
                                    


(

Zawgyi)

အခန်းထဲကကျောင်းသူ/ကျောင်းသားအကုန်းလုံးက အခုမှတတ်ကြွလာကာ ဆူညံ့အော်ဟစ်ပြီး တစ်ခန်းလုံးအသံမျိုးစုံနဲ့ပြည့်သည်။ ဒါမှဆရာမတွေမရှိရင်ဖြစ်ပေါ်တတ်တဲ့စာသင်ခန်းနဲ့တူတာ။ မဟူရာလည်းအိပ်ရေးဝပြီးဖြစ်တာကြောင့် စာအုပ်တွေထုတ်ကာ လုပ်စရာရှိတာလုပ်နေတယ်။မုန့်လာဝယ်တဲ့လူတွေရှိရင်လည်းရောင်းတယ်။ သူကတခြား ကျောင်းသူ/ကျောင်းသားတွေလိုပျော်ပျော်နေရမယ့်အရွယ် ဆိုပေမယ့် အရင်ဘ၀ထဲက သူကသူ့အတွက်မစဉ်းစားဘဲ သူများအတွက်ဘဲကြည့်နေခဲ့တာကြောင့် သူရဲ့ပျော်ရွှင်မှုတွေက သူ့သူငယ်ချင်းတွေပျော်ရင် သူလည်းပျော်တယ်လို့ထင်နေခဲ့တာ။တကယ်တော့ အဲ့ဒါတွေကသူရဲ့ပျော်ရွှင်မှုတွေမဟုတ်ဘူးဆိုတာ သူသိလာခဲ့တယ်။သူပျော်ရွှင်မှုတွေကဘာဖြစ်နိုင်မလဲ။သူပျော်ရွှင်ချင်တယ် သာမာန်လူတစ်ယောက်လို။မဟူရာအတွေးတွေထဲပိတ်မိနေကာ ရေးလက်စကိုရပ်လိုက်မိသည်။တိမ်မျှင်ကြိုးက တစ်ချိန်လုံးမဟူရာရဲ့အမှူအရာတွေကိုကြည့်နေတာဖြစ်တာ ကြောင့် မဟူရာအတွေးလွန်းနေတာကြည့်ရင် သက်ပြင်းဖွဖွချလိုက်သည်။မဟူရာဆိုတဲ့ကလေးလေးကသိပ်အတွေးလွန်နေတတ်တာဘဲ။

တိမ်မျှင်ကြိုးချက်ချင်းနွေးထွေးတဲ့အကြည့်နဲ့အပြုံးပြုံးကာ

"ယုန်လေး မင်းစနေနေ့အားလား။
ငါတို့မိဘမဲ့ဂေယာသွားရအောင်။"

မဟူရာ တွေးလက်စတွေပျက်သွားသည်။

"မိဘမဲ့ဂေယာလား။"

"အင်း"

အရင်ဘ၀ကကြားဖူးတယ်အဲ့လိုဂေယာ။အဲ့မှာမိဘဆွေမျိုးမရှိတဲ့ကလေးတွေ၊စွန့်ပစ်ခံရတဲ့ကလေးတွေရှိတယ်တဲ့။

"ဂေယာမှာ ကလေးတွေကိုစာသင်ဖို့ ဆရာလိုတယ်။ ကျောင်းနေတဲ့ရမယ့်အရွယ်ရောက်နေတဲ့ကလေးတချို့ကို တတ်နိုင်သလောက်ကျောင်းထားပေးပေမယ့် အငယ်တွေကိုတော့ကျောင်းမထားနိုင်ဘူး။ ဒါပေမယ့် စာ တတ်ထားစေချင်တော့ စေတနာရှင်ဆရာတွေရှာနေတာ။မင်းကစာတော်တယ်။စာသင်တတ်တော့ မေးကြည့်တာ မင်းစိတ်ဝင်းစားမလားလို့။ ငါပိုက်ဆံပေးမယ်လေ။"

Please be by my sideWhere stories live. Discover now