Ep24(Zawgyi)

169 17 0
                                    

"မင်းကရည်စားစာလည်းရေးပေးတာဘဲလား။"

"အင်း မင်းပိုက်ဆံပေးရင်ပေါ့"

နေသူရမျက်နှာရှုံမဲ့သွားသည်။ပိုက်ဆံ ပိုက်ဆံနဲ့။မသိရင်ပိုက်ဆံကသူမယားကျလို့။

"မင်းကိုရန်ပွဲတွေမှာလည်းပိုက်ဆံပေးပြီးငှားလို့ရလား အဲ့လောက်တောင်ပိုက်ဆံမက်နေတာ။"

ရန်ပွဲတွေမှာပိုက်ဆံပေးငှားဆိုတဲ့စကားကြောင့် ဘေးခုံးကတစ်ယောက်ကစိတ်ဝင်တစားစကားဝိုင်းထဲရောက်လာသည်။

"ဟုတ်လား ရလားကွ။ဘယ်လောက်နဲ့လဲ။ငါတို့ဒီနေ့ ဟိုဘက်ကျောင်းနဲ့ချိန်းထားတယ်ကွ။လူများများပါတော့ပိုကောင်းတယ်ကွ။ငါမင်းကိုငှားမယ်။"

မဟူရာ ခေါင်းကိုက်နေပြီး။သူကပိုက်ဆံမက်ပေမယ့် သူကိုမထိခိုက်စေတဲ့နည်းနဲ့ရှာနေတာလေ။အရင်ဘ၀တုန်းကမြေအောက်လောကထဲသူ့ဝင်ရောက်ခဲ့တုန်းကတောင် သူ့ကိုမထိခိုက်အောင် သူ့အတွင်းရေးမှူးက အစအဆုံးတာဝန်ယူလုပ်ဆောင်သွားတာလေ။ပြီးတော့ သူကငယ်ငယ်ကတည်းကကိုယ်ခံအားနည်းပြီးကျန်းမားရေးချူခြာတာကြောင့် အစ်ကိုကြီးတို့ကိုယ်ခံပညာရပ်တွေ သင်တုန်းကတောင် သူကအိမ်မှာဆေးကုသခံနေရတယ်။ဒါကြောင့် သူ့ကသူကိုယ်သူအန္တရာယ်က လွယ်မြောက်အောင်လုပ်ဖို့ကပြေးတာကလွဲပြီး ဘာမှမတတ်ပေ။ရန်ဖြစ်ဖို့ဝေးသေး။

"တကယ်ကြီးလားကွ။မင်းကလည်း ပိုဟပ်ဖြူပုံကိုကြည့်ပါဦး။သူကိုငှားရင်မင်းရှုံးပြီးမှတ်။ဟိုရောက်လို့သူကပါဝင်အားဖြည့်ပေးမှာမဟုတ်ဘူး မင်းကသူကိုပြန်ကယ်ရမှာ။"

နေသူရသည် အရင်းနှီးဆုံးသူငယ်ချင်းတွေလိုဘဲ မျက်နှာတစ်ချက်မထောက်ဘဲဖဲ့လိုက်သည်။လာမေးတဲ့တစ်ယောက်သည်လည်း ခေါင်းတစ်ညိတ်ညိတ်နဲ့ထောက်ခံလေသည်။

"ယုန်လေးအစားငါကိုငှားလေ။"

ရုတ်တရပ်စိုးကိုနောက်ကအသံထွက်လာတာကြောင့် စိုးကိုအလန့်တကြားအမလေးတောင်တလိုက်သည်။
ကြည့်လိုက်တော့ တိမ်မျှင်ကြိုးဖြစ်နေတယ်။

"ချီး ခွေးကောင် မင်းကဘာလို့ရုတ်တရပ်ကြီးစိုးကိုနောက်ကပေါ်လာတာလဲကွ။လန့်လိုက်တာ။"

Please be by my sideHikayelerin yaşadığı yer. Şimdi keşfedin