Ep32(Zawgyi)

75 6 0
                                    

နှောင်းရစ်ဖွဲ့တံခါးပြန်ပိတ်ပြီးအခန်းဝင်လာခဲ့သည်။ပြီးတော့ စာရေးခုံးမှာcomputerတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့အစ်ကိုဖြစ်သူဆီသွားကာ..

"ကျစ်!ကိုကြီး မင်းကဘာလိုည၁၀နာရီကြီးကိုတွေ့ဖို့ချိန်းတာလဲကွ။"

အစ်ကိုဖြစ်သူနဲ့မျက်နှာချင်ဆိုင်ထိုင်ကာ သူကိုချိန်းတုန်းကတော့ချိန်းပြီးသူလာတာတောင် အလုပ်မပျက်တာကြောင့် မကျေနပ်ပေ။
ဆောင်းဟေမာန်ကတော့အလုပ်မပျက်သေး။

"မင်းမဟူရာကိုအပြင်မှာအိပ်ခွင့်ပေးလိုက်တယ်ဆို။"

"ဒါပေါ့။"

မဟူရာနားမှာသူတို့ကမရှိပေမယ့် မဟူရာရဲ့သွားလာလှုပ်ရှားမှုကိုသူတို့သတင်းရတယ်။အစကတော့ဒေါ်လေးနွယ်က မဟူရာလိုချင်တာဖြစ်ချင်တာတွေကိုသူတို့ကိုပြောပြပေမယ့် သူ့၏မိဘနှစ်ပါးနဲ့အစ်ကိုကြီးဖြစ်သူကဟိုဟာဆိုစိတ်ပူဒီဟာဆိုစိတ်ပူပြီးခဏခဏတားတယ်။သူကျတော့အကုန်လိုက်လျောပေးတာကြောင့် နောက်ပိုင်းဒေါ်လေးနွယ်ကသူကိုဘဲအသိပေးတော့တယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူလည်း အရမ်းဂုဏ်ယူနေသည်။ညီအငယ်လေးရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုကို သူကိုဘဲအသိပေးပြီးသူဆီကဘဲခွင့်ပြုချက်တောင်းရတာလေ။

Keyboardပေါ်မှာပြေးလွှာနေတဲ့လက်တွေကိုရပ်တန့်လိုက်ပြီး ပြုံးဖြီးဖြီးဖြစ်နေတဲ့ညီလေးကိုစိုက်ကြည့်လိုက်သည်။

"သူကအပြင်မှာသူငယ်ချင်းနဲ့သွားအိပ်တာလေ။"

"အဲ့တော့ဘာဖြစ်လဲ။သူလည်းအခုမှကလေးဘဲရှိသေးတာ။သူဘ၀ကိုသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါစေ။သူငယ်ချင်းတွေနဲ့game တွေဆော့ လျှောက်သွား ဘယ်လောက်ပျော်နေမလဲ ညီလေးက။မင်းကလည်းမင်းမလုပ်ခဲ့တိုင်းညီလေးကိုလိုက်မပိတ်ပင်ပါနဲ့။"

"သူနဲ့အခုရှိနေတဲ့သူငယ်ချင်းကဘယ်သူလဲသိလား။"

"ဘယ်သိမလဲ။"

နှောင်းရစ်ဖွဲ့ကညီဖြစ်သူဘေးနားမှာကိုယ်ရံတော်တွေထားထားပေမယ့် ညီလေးရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုတော့ လိုက်မစပ်စုပေ။

Please be by my sideWhere stories live. Discover now