Ep17

369 27 2
                                    

(Zawgyi)
"၀င်လာခဲ့လေ လာ စက်ဘီးကိုဒီမှာခနထား ။"

မဟူရာစက်ဘီးတွန်းပြီး ခြံထဲဝင်လာပြီး တိမ်မျှင်ကြိုးပြတဲ့နေရာကိုတစ်ချက်ကြည့်ပြီး တိမ်မျှင်ကြိုးရဲ့စက်ဘီးဘေးမှာသူ့စက်ဘီးကိုဒေါက်ထောက်ကာရပ်ထားလိုက်သည်။  ပြီးတော့ သူဆာင်ထားတဲ့ဦးထုပ်ကိုချွတ်ပြီး တိမ်မျှင်ကြိုးကိုကမ်းပေးလိုက်သည်။ဘေးနားမှာ သူတို့ရောက်ကတည်းက ၀ိုင်းအုပ်လာတဲ့ကလေးလေးတွေကို ဝေ့ကြည့်ပြီး တိမ်မျှင်ကြိုးကိုမေးလိုက်သည်။

"သူတို့ကငါစာသင်ပေးရမယ့်ကလေးတွေလား။"

တိမ်မျင်ကြိုးကဦးထုပ်ကို ကျောပိုးလွယ်အိတ်ထဲသေချာထည့်ပြီးဖြေလိုက်သည်။
"အင်း ဟုတ်တယ်။ ဒီကလေးတွေကိုမင်းစာသင်ပေးရမှာ။"

သူကိုစပ်စုနေကြသည့်ကလေးတွေက အရွယ်စုံပင်။ အကြီးဆုံးဆိုလို ၁၂နှစ်လောက်ဘဲရှိသည်။ အငယ်ဆုံးသေးသေးလေးဘဲပါသည်။ အားလုံး၁၀ယောက်ကျော်လောက်ဘဲရှိတယ်။

"ဒီမှာရှိတာကလေးအကုန်မဟုတ်သေးဘူး။ တချို့ကအတန်းကြီးပြီလေ ဒါကြောင့် သူတို့ကကျောင်းဆရာမတွေ အိမ်မှာညအိပ်ပြီး ကျောင်းတတ်တယ်။ကျောင်းနဲ့ ဒီနဲ့လည်းဝေးတယ်လေ။"

"အွန်း"

တိမ်မျှင်ကြိုးကသူအတွေးကိုသိသလိုဖြင့်ရှင်းပြလာသည်။ဟုတ်သားဘဲ သူတို့လာတုန်းကတောင် တော်တော်ကိုဝေးသည်။ကလေးတွေသာဒီနေရာနဲ့ ကျောင်းနဲ့နေ့တိုင်းအသွားအပြန်လုပ်ရင်သေဖို့ဘဲရှိတော့သည်။

"ဟေ့ စပ်စုစိန်တွေ မင်းတို့ဖေကြီးကော "

မဟူရာဘေးမှာဝိုင်းစပ်စုနေတဲ့ ကလေးတွေကိုတိမ်မျှင်ကြိုးအချဉ်ပေါက်လာသည်။ သူတို့တွေရဲ့အတွေးထဲမှာ တစ်ခါမှမမြင်ဖူးတဲ့ အသားဖြူဖြူလုံလုံလေးနဲ့မဟူရာပုံသဏ္ဍာန်က ချစ်ဖို့ကောင်းနေလို့ငေးနေပေမယ့် နဂိုထဲကလိုချင်တာမရလို့ စိတ်အလိုမကျဖြစ်နေတဲ့တိမ်မျှင်ကြိုးက ပိုပြီအလိုမကျဖြစ်လာသည်။

"ဖေကြီးကအိမ်ခန်းထဲမှာ ။"

ပါးဖောင်ဖောင်နဲ့၈နှစ်အရွယ်ကလေးလေးက အိမ်ထဲကိုလက်ညှိုးထိုးကာပြောပြလာဖို့ကချစ်စဖွယ်ဖြစ်နေပေမယ့် တိမ်မျှင်ကြိုးကကြည့်မရပေ။

Please be by my sideUnde poveștirile trăiesc. Descoperă acum