Ep22(Zawgyi)

208 18 2
                                    

"မင်းတို့ မဟူရာဆီသွားတာ ငါကိုလည်းမခေါ်ဘူး။ငါကိုပလစ်ထားတယ်ပေါ့ဟုတ်လား။"

စိုင်းသီဟ မျက်စံတွေကိုလည်လိုက်သည်။ ညနေကအပြင် သွားမယ် လိုက်မလားဆိုတော့ အလုပ်တွေကများတယ်။ငါကမင်းလိုအားယားနေတာမဟုတ်ဘူးဆိုပြီး အခုမှအပြစ် လာတင်တယ်။

"မဟူရာလေးကိုတစ်ခါတည်းမှာခဲ့နော်။မနက်ဖြန်ငါကိုဖုန်းဆက်ဖို့။သူငါကိုဖုန်းမဆက်တာကြာပြီး။"

"မအားဘူး။ကိုယ့်ဘာသာပြော။"

"မင်း.....။အဲ့ဆိုငါ့ညီအိမ်မှာအခုဘာလုပ်နေလဲ။"

"လကြည့်နေတာလေ။"

လသာဆောင်မှာဝင်ထိုင်လိုက်ရင်း နှောင်းရစ်ဖွဲ့မေးခွန်းကိုစိတ်လေစွာဖြေလိုက်သည်။ဒီလောက်လေလေးတဖြူဖြူနဲ့သာယာနေတဲ့လပြည့်ဝန်းတွေတောက်ပနေတဲ့ကြယ်တွေကသူ့စိတ်ကိုပျော်စေပေမယ့်လည်း လိုင်းတစ်ဖက်ကကောင်ကတော့အရှုပ်ဘဲ။
ဆောင်းဟေမာန်ကော နှောင်းရစ်ဖွဲ့ကောက သုံးစားလို့ကိုမရတဲ့သူတွေ။အစ်ကိုကြီးဖြစ်သူကလည်းတစ်ညနေလုံးမှာညီနဲ့မျက်နှာချင်းဆိုင်ထိုင်မှာပြောတာဆိုလို့ ညီဖြစ်သူစေ့စပ်ထားတဲ့အကြောင်းပြောတယ်။အစ်ကိုလတ်ကလည်း ညီဖြစ်သူဖုန်းဆက်တာကို စောင့်နေပေမယ့် ပွင့်ပွင့်လင်းလင်းမပြောဘူး။

စိုင်းသီဟ သက်ပြင်းချလိုက်သည်။ ပွင့်လင်းပြီးရဲတင်းတာကသိပ်မကောင်းပေမယ့်လည်း တခါတလေမှာက တစ်စုံတစ်ယောက်ကိုအထင်လွဲစေတယ်။

"မင်းဘာတွေသက်ပြင်းချနေတာလဲကွ။ငါ...မင်းသူဌေးကခိုင်းနေတယ်လေ။အခုမြန်မြန်သွားပြော။"

စိုင်းသီဟမျက်နှာမည်းခနဲ့ဖြစ်သွားသည်။ဒီလိုင်းတစ်ဖက်ကကောင်ကတော့ ငါအဆဲကိုတစ်နေ့လောက်မခံရရင်နေထိုင်သာထိုင်မရှိနေတဲ့ပုံဘဲ။

"ချီးကို သူဌေး။ ငါအလုပ်ချိန်ကမနက်၉နာရီကနေညနေ၃နာရီထိဘဲ မအေးဘေးရ။အခုညတောင်ရောက်နေပြီး ဘာမှလာမခိုင်းနဲ့။"

"မင်းကငါ့အတွင်းရေးမှူးကွ။"

စိုင်းသီဟ နှာခေါင်းရှုပ်လိုက်သည်။

"အဲ့တော့ ..."

"ဘာအဲ့တော့လဲ။ သူများအတွင်းရေးမှူးတွေဆိုတာ ဘယ်အချိန်ဘဲဖြစ်ဖြစ် သူဌေးကဒီလူအကြောင်းသိချင်းတယ်ဆို စုံးစမ်းပေးရမယ်။
ကော်ဖီဝယ်ခိုင်းလဲလုပ်ပေးရတာဘဲ"

Please be by my sideTempat cerita menjadi hidup. Temukan sekarang