(Zawgyi)
ညနေကျောင်းဆင်းချိန်မို့ ကျောင်းသူကျောင်းသားတွေအသီးသီး အဆောင်ပြန်တဲ့လူတွေနဲ့အိမ်ပြန်တဲ့လူတွေနဲ့ ရူပ်ယှက်ခက်နေကြသည်။ မဟူရာကထိုလူအုပ်ကြီးကြားမတိုးဝှေ့ချင်တာကြောင့် လူရှင်းတဲ့အထိ အခန်းထဲမှာစောင့်နေသည်။ လူရှင်းတော့မှ ကျေားပိုးလွယ်အိတ်ကောက်လွယ်ကာအခန်းပြင်ထွက်လာတော့ သူကိုစောင့်နေကြတဲ့ ဇော်ဖြိုးဝေတို့သုံးယောက်ကို မြင်ရတော့တယ်။ သူထွက်လာတာ တွေ့ရော် သုံးယောက်လုံးသူ့အနားရောက်လာသည်။
"မဟူရာ ခဏနေမင်းအိမ်ကကားလာကြိုမယ်မလား။ ငါတို့ကိုအိမ်ပြန်ပို့ပေးပါလား။ "
မဟူရာခေါင်းခါလိုက်သည်။ "ငါဒီနေ့လမ်းလျှောက်ပြန်မှာ။"
သက်လွင်တို့အံ့သြသွားသည်။ သူဌေးသားတစ်ယောက်ကလမ်းလျှောက်ပြန်မယ်တဲ့။ ဘယ်လိုဟာသတွေလဲ။
"မင်းက သူဌေးသားလေ မင်းလမ်းလျှောက်ပြန်ရင်မင်းကိုအထင်သေးကြမှာပေါ့ဟ။ "
"ငါကသူဌေးသားဆိုမယ့် ငါ့မိဘတွေချမ်းသာတာလေ ငါမှမပိုင်တာ။"
မဟူရာကခါတိုင်လို ပြုံးပြုံးလေးနဲ့ပုံစံမဟုတ်ဘဲ တည်ငြိမ်နေတဲ့ပုံစံဟာ သူတို့ရင်းနှီးခဲ့တဲ့မဟူရာမဟုတ်တော့ကြောင်းပြနေသယောင်ပင်။
"ဘာဖြစ်တာလဲ မဟူရာ။မင်းအိမ်နဲ့ပြသာနာတတ်ခဲ့တာလား။ တစ်ယောက်ယောက်မင်းကိုထိခိုက်အောင်လုပ်ခဲ့လို့လား။"
"ဘယ်ကောင်လဲ။ငါတို့ကိုပြော ငါတို့ဖြေရှင်းပေးမယ်။"
ဇော်ဖြိုးဝေတို့စိတ်ထဲမပါဘဲဟန်ဆောင်ဝမ်းနည်း ဒေါသဖြစ်နေကြသည်။ မသိရင်သူအတွက် တစ်လောကလုံးကိုရင်ဆိုင်ပေးကြမယ့်ပုံနဲ့။ မဟူရာကတော့ သူတို့ကို ခံစားချက်မဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်သည်။ သူတို့ကငါအတိတ်ကပေါင်းတဲ့သူငယ်ချင်းတွေပေါ့?။သူတို့ငါကိုဂရုချင်ယောင်ဟန်ဆောင်နေပေမယ် သူတို့မျက်ဝန်းတွေထဲမှာငါကိုလှောင်ပြောင်နေကြတာ အထင်သားဘဲ။ ဒါပေမယ့် ငါအတိတ်ကအဲ့မျက်ဝန်းတွေကိုမတွေ့ခဲ့မိဘူး။
ခါတိုင်ဆိုသူတို့အဲ့လိုပြောလိုက်တာနဲ့ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းတွေက ငွေရည်ဖွဲ့လာပြီး သူတို့ကပျော်ရွှင်စွာ ကျေးဇူးတင်တတ်တဲ့မဟူရာကအခုငြိမ်သက်နေတာမို့ ဇော်ဖြိုးဝေတို့ စိတ်ထဲထင့်သွားသည်။
BẠN ĐANG ĐỌC
Please be by my side
Viễn tưởngငါပြန်လည်မမွေးဖွာလာခင်တုန်းက ငါအချစ်ကိုတောင်းတဖူးတယ်။ငါလိုချင်တဲ့အချစ်ဆိုတဲ့အရာရဖို့ မျိုးစုံကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ငါရခဲ့တာတွေကပိုက်ဆံ၊ တန်းဖိုကြီးပစ္စည်းတွေ။ ငါအဲ့တွေကိုဘာလုပ်ရမှာလဲ။ ငါလိုချင်တာတွေကအဲ့ဒါတွေမှမဟုတ်တာ။ ငါပြန်လည်မွေးဖွားလာတော့ င...