Ep29(Zawgyi)

74 7 0
                                    

စိုးကိုနှားခေါင်းရှုံလိုက်သည်။ဒီမကောင်းဝါးဆိုးကောင်ကတော့ ပိုးဟပ်ဖြူကိုသူတစ်ယောက်ထဲပိုင်တာကျလို့။စိုးကိုစိတ်ထဲအဲ့လိုတွေးလိုက်ပေမယ့် ရှေ့ကကိုယ်ကိုကိုယ်အထင်ကြီးပြီး အောက်ခြေလွတ်နေတဲ့ကောင်အပြောခံနေရတာကြောင့် ကျေနပ်နေသည်။ ဒီကောင်ကဒီမကောင်းဝါးဆိုးကောင်နဲ့ အစောကြီးကတည်းကတွေ့သင့်တာ။အခုကြည့်မကောင်းဆိုးဝါကောင်ရဲ့အကြည့်နဲ့တင်ကြောက်နေလိုက်တာ။

"အခုငါမင်းနဲ့ဘာမှဇယားမရှင်းချင်သေးဘူး ဒါကြောင့်မင်းလစ်တော့။"

ဘလိုင်ကြီးလာပြောနေတဲ့ကောင်ကြောင့် စိတ်ထဲတင်းသွားပေမယ့် လောလောဆယ်သူရဲ့ကြောက်စရာအကြည်တွေကြောင့် ဒီနေရာကနေမြန်မြန်ထွက်သွားချင်တာဘဲသိသည်။မသွားခင်လေးမှာ နှစ်နဲ့ချီပေါင်းလာတဲ့သူငယ်ချင်းဘက်ကို တစ်ချက်မှလှည့်မကြည့်လာတဲ့မဟူရာကိုလည်းမကျေနပ်ဖြင့် ကြည့်ဖြင့်အောင်ကြည့်လိုက်သေးတယ်။

စိုးကိုရှေ့ကနေပေးစောင်းစောင်းထွက်သွားတဲ့ကောင်ကိုကြည့်ရင်း

"ကျစ် ပိုးဟပ်ဖြူ အဲ့ကောင်ကမင်းရဲ့အရင်သူငယ်ချင်းလား ကြီးကျယ်လိုက်တာ။ဒီလိုကောင်မျိုးဒီလိုစိတ်ဓာတ်နဲ့ဆို မကြာခင်သေလိမ့်မယ် ဆိုးသွမ်းတဲ့လူမိုက်တွေနဲ့တွေ့ရင်အသေဘဲ။"

ဥပမာ ဒီရှေ့က မကောင်းဆိုးဝါးကောင်တိမ်မျှင်ကြိုးလိုကောင်မျိုးနဲ့တွေ့ရင်ပေါ့

တိမ်မျှင်ကြိုးပြုံးလိုက်သည်။စိုးကိုကသူအပြုံးတွေကိုမြင်တော့ကြက်သီထသွားသည်။သူ့အပြုံးတွေကခါတိုင်မဟူရာကိုချစ်မြတ်နိုးစွာပြုံးပြတဲ့အပြုံးတွေနဲ့တခြားစီ။သူ့အပြုံးတွေကအရမ်းကို.... ကြောက်စရာကောင်းနေသည်။

"သေမယ်? သူသေဖို့စောသေးတယ်လေမဟုတ်လား။"

စိုးကိုနဲ့ဘေးနားကအတန်းဖော်တွေတုန်လှုပ်သွားသည်။မကောင်းဆိုးဝါးကောင်ရယ် မင်းပြောပုံနဲ့အပြုံးကြီးကလည်း မကြာခင်အဲ့ကောင်ကိုနှိပ်စက်တော့မယ့်ပုံနဲ့။

မဟူရာကစိုးကိုတို့ရဲတုန်လှုပ်နေတဲ့ပုံစံကိုတွေ့တော့ တိမ်မျှင်ကြိုးကိုလှည့်လိုက်သည်။သို့သော် မျက်နှာအပြောင်အလဲမြန်သော တိမ်မျှင်ကြိုးသည်ချက်ချင်းချစ်မြတ်နိုးတဲ့အပြုံးတွေနဲ့မဟူရာကိုအလိုလိုက်ဟန်ဖြင့်ငုံ့ကြည့်နေသည်။

Please be by my sideWo Geschichten leben. Entdecke jetzt