Ep28(uni)

173 17 6
                                    

နှင်းဆီဖတ်ဖူးသမျှ bl fic တွေထဲမှ တိမ်မျှင်ကြိုးနဲ့မဟူရာတို့လို type မျိုးတွေကိုပြန်စဉ်းစားနေသည်။တိမ်မျှင်ကြိုးက လုံးဝကို အေးစက်ပြီးပိုင်ဆိုင်လိုစိတ်ကြီးတဲ့typeမျိုးဘဲ။ မဟူရာမှာတော့ သီသန့်ဆန်ပြီးအချစ်ကိုလိုအပ်နေတဲ့typeမျိုး။အင်း.....တိမ်မျှင်ကြိုးကအရမ်းကိုအင်အားကြီးလွန်းတဲ့စီပွာရေးလောကရဲ့အရှင်သခင် မဟူရာမှာတော့ဆင်းရဲပြီးကြိုးစားသူလေးပေါ့။ တစ်နေ့မှာမဟူရာရဲ့အဖေကများပြားလှတဲ့ပိုက်ဆံတွေကိုတိမ်မျှင်ကြိုးဆီမှာအကြွေးတင်နေခဲ့တယ်။မဟူရာကသိသွားတော့ ပိုက်ဆံကိုရအောင်ရှာပေးမယ် သို့သော် ပေးရမယ့်နေ့ကိုစောင့်ပေးဖို့သွားပြောခဲ့ပေးမယ့် စီပွားရေးလောကအရှင်သခင်ကြီးကတော့ နတ်သားလေးသဖွယ်ချောမောလွန်းတဲ့မဟူရာကိုမြင်မြင်ချင်ချစ်မိပြီးအပိုင်သိမ်းဖို့ကြံတယ်။မဟူရာလေးကငြင်းမယ်။ဒါပေမယ့် တိမ်မျှင်ကြိုးကတော့ဆေးခတ်ပြီးတော့........

"မင်းဒီနေ့အရူးထလို့ပြီးတော့မှာလား။"

ပြုံးစိပြုံးစိဖြစ်နေတဲ့နှင်းဆီကိုစိတ်ကုန်ကာကြည့်ပြီးလှမ်းပြောလိုက်သည်။ခဏနေမဟူရာလေးကိုသွားဝိုင်းကူရဦးမှာ ဒင်းကအရူးထတာကမပြီးသေးဘူး

နှင်းဆီဆက်တွေးချင်သေးပေမယ့် ဘေးနားကအေးစက်စက်အသံကြောင့် အတွေးတွေတောင်အမြန်ဖြတ်ပစ်လိုက်ရသည်။ ပြီးတော့ တိမ်မျှင်ကြိုးဘက်လှည့်ကာ

"ဟဲဟဲ နင်ကလည်း ။ငါကနင်အတွက်စဉ်းစားနေတာ နင်အနေနဲ့မဟူရာကိုဘယ်လိုလိုက်ရင်ကောင်းမလဲလို့။"

တိမ်မျှင်ကြိုးရဲ့မျက်နှာထားကတော့အေးစက်နေတုန်းဘဲ။

"ဟိုလေ မဟူရာကိုလိုက်တာလွယ်လွယ်လေးပါ။နင်ဆေးခတ်လိုက်ပြီးတော့.....အဲ့.အဲ့ ဆေးခတ်တယ်ဆိုလေမကောင်းတဲ့သူတို့ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေ နင်အဲ့လိုမလုပ်သင့်ဘူးနော်။"

နှင်းဆီငိုမဲ့မဲ့ဖြစ်နေပြီး ။ သူမကအမှန်ဆို ဆေးခတ်တဲ့အခန်းဆိုအရမ်းကြိုက်တာ ဒါကြောင့် သူမအကြံပေးချင်ပေမယ့် တိမ်မျှင်ကြိုးရဲ့နဂိုထဲမှအေးစက်နေတဲ့မျက်နှာကပိုမိုအေးစက်လာတာကြောင့်အမြန်ဖြတ်ပြောလိုက်သည်။

Please be by my sideWhere stories live. Discover now