Ep21(uni)

298 40 0
                                    

မဟူရာ ခြံတံခါးကိုပြန်တွန်းပိတ်လိုက်ပြီး စက်ဘီးဒေါက်ကိုဖြုတ်လိုက်ကာ စက်ဘီးကိုတွန်းရင်းခြံဝင်းထဲဝင်လာခဲ့သည်။

"အာ ... ညီလေးမဟူရာပြန်ရောက်လာပြီးဘဲ။"

မဟူရာရောက်နေရာကာရပ်လိုက်ပြီး ကြည့်လိုက်တော့ နှင်းဆီပန်းပင်ဘေးနားကသူကိုပြုံးပြလာသည့်သူကိုတွေ့လိုက်သည်။ထိုလူကိုမဟူရာသိတယ်။ ထိုလူကအရင်ဘဝကမဟူရာကိုကူညီပေးတဲ့လူ။ သူကမဟူရာရဲ့အစ်ကိုနှစ်ယောက်ရဲ့ငယ်သူငယ်ချင်း။ ပြီးတော့ အစ်ကိုကြီးရဲ့ချစ်သူလည်းဖြစ်သေးတယ်။သူကမဟူရာတို့ညီအစ်ကိုသုံးယောက်ကိုချစ်ခင်သင်းမြတ်အောင်အမြဲကူညီလေ့ရှိတယ်။

အရင်ဘဝကမဟူရာကလည်းအဲ့ဒါ ကို သိ တယ် ။ဒါပေ မယ့် မဟူရာရဲ့လိုမှပေါင်းတဲ့သူငယ်ချင်းတွေရဲ့သွေးထိုးမှုကြောင့် ထိုလူ၏အကူအညီကိုမဟူရာကအကြင်နာမဲ့စွာငြင်းပယ်လိုက်တယ်။ နောက်တော့ ထိုလူကမဟူရာရှေ့ကိုတတ်နိုင်သလောက်မပေါ်လာတော့ဘူး။

အရင်ဘဝကအကြောင်းကိုပြန်စဉ်းစားတိုင်းသူမိုက်မဲတွေကိုပြန်တွေ့လာပြီးသူနာကျင်မိတယ်။တော်သေးသည်က ဒီဘဝမှာသူတို့နှစ်ယောက်ကအခုမှစတွေ့တာမို့ ထိုလူကိုသူဘာအပြစ်မှမလုပ်ထားရသေးဘူး။

"အစ်ကိုက????"

မဟူရာမသိဟန်ဖြင့်မေးလိုက်သည်။

စိုင်းသီဟကရယ်လိုက်သည်။ ဆောင်းဟေမာန်နဲ့နှောင်ရစ်ဖွဲ့ညီအငယ်ဆုံးကချစ်ဖို့တော်တော်ကောင်းတာဘဲ။ဒါကြောင့်လည်းအစ်ကိုတွေသည်းသည်းလှုပ်ဖြစ်နေတာကိုး။

"အစ်ကိုနာမည်ကစိုင်းသီဟပါ။ မင်းအစ်ကိုတွေရဲ့ အင်း သူငယ်ချင်းလေ။"

ကိုစိုင်းသီဟက ကိုကြီးရဲ့ချစ်သူဖြစ်ကြောင်းမိတ်မဆက်သွားပေ။ အင်း အရင်ဘဝကနဲ့အခုဘဝကတူမှမတူတော့တာ။အရင်ဘ
ဝကဆို ကိုကြီးကသူ့အချစ်ရေးကိုမိသားစုမှဝန်ခံခဲ့တယ်။အစ်ကိုလတ်နဲ့အဖေတို့အဖေတို့ကသဘောတူခဲ့ပေမယ့် သူကတော့လုံးဝကြီးကကန်ကွက်ခဲ့တယ်။ကိုစိုင်းသီဟအပေါ်ထားတဲ့သူ့အမြင်က ကိုစိုင်းသီဟကသူ့အစ်ကိုနှစ်ယောက်ရဲ့သူငယ်ချင်းဖြစ်ခဲ့တဲ့အပြင် သူကိုကြီးရဲ့ချစ်သူပါဖြစ်သွားတော့ သူရမယ့် သူအစ်ကိုနှစ်ယောက်ရဲ့ချစ်ခြင်းတွေ၊သူနဲ့အတူရှိနေမယ့်
ပေးရမယ့်အချိန်တွေကို လုယူသွားတယ်လို့မြင်ခဲ့လို့။ ကိုစိုင်းသီဟ သူအပေါ်ဘယ်လောက်ဘဲကောင်းကောင်း သူမြင်ခဲ့ပေမယ့် မမြင်ချင်ယောင်ဟန်ဆောင်ခဲ့တယ်။

Please be by my sideTempat cerita menjadi hidup. Temukan sekarang