Ep20(uni)

408 43 6
                                    

ကလေးတွေနေ့လည်စာစားပြီး ခဏပေးနားပြီးတာနဲ့ မဟူရာကစာသင်ပေးလေသည်။စာသင်တာဆိုတာထက် သူတို့လေးတွေရဲ့လိုက်မှတ်နိုင်စွမ်း၊လေ့လာနိုင်စွမ်းနဲ့အရင်ကဆရာတွေဘယ်လောက်ထိသင်သေးလဲလာစစ်ဆေးတာလို့ပြောရင်ပိုမှန်သည်။ ဒီကလေးလေးတွေကိုစာသင်ပေးရပုံနဲ့ကျောင်းမှာမဟူရာရဲ့သူငယ်ချင်းတွေကိုစာသင်ပေးရပုံကမတူပေ။

ကျောင်းမှာကအတန်းတွေလည်းကြီးနေပြီးမို့သူတို့လိုက်မှတ်နိုင်တယ်။လိုက်ပြောနိုင်တယ်။စာတစ်ပုဒ်ကိုခဏလေးနဲ့ရှင်းရင်သူတို့သိတယ်။ဒီကလေးတွေကျတော့ စာတစ်ပုဒ်ကိုဥပမာသောင်းခြောက်ထောင်နဲ့ရှင်းပြရသည်။ ကလေးတွေဦးနှောက်ထဲမှာတစ်ခါထဲရောက်သွားဖို့ အချိန်လည်းတော်တော်ယူလိုက်ရသည်။ပြီတော့ ဒီအရွယ်မှာစာသင်ရတာကိုမကြောက်စေဖို့လည်း မဟူရာကြိုးစားရသေးသည်။ မဟူရာဒီမလာခင်က online.မှာကလေးတွေကိုစာသင်နည်းရှာကြည့်ထားသည်။သူတို့လေးတွေကိုစာသင်ရင်ပျော်ပျော်ရွှင်ရွှင်သင်ရမယ်ဖြစ်တာကြောင့် အမြဲတမ်းတည်ကြည်နေတဲ့မဟူရာကတတ်နိုင်သလောက်ပြုံးရယ်နေရသည်။

သူတို့လေးတွေက ချစ်စရာကောင်းလောက်အောင်သူတို့သိတာလေးတွေကိုတစ်ယောက်တစ်ပေါက်နဲ့ညံနေအောင်အော်ဟစ်နေကြသည်။ အဲ့ဒါကမဟူရာကို ပုံမှန်စာသင်နေကျထက်ပိုပင်ပန်းစေပေမယ့်  ဒါကမဟူရာကိုပျော်စေသည်။ ဒါကြောင့်အတင်းပြုံးရယ်နေရတဲ့မဟူရာမှာအစစ်အမှန်အပြုံးတွေဖြစ်ပေါ်လာခဲ့သည်။

တိမ်မျှင်ကြိုးကတော့ လူကြမ်းကြီးဖြစ်သည်။ စာသင်နေချိန်မျောက်ရူံးလောက်အောင်ပြေးလွှာဆော့နေတဲ့ကလေးလေးတွေကိုသူကအော်ငေါက်ပေးလေသည်။ဘာရယ်မသိ ကလေးတွေကသူကိုကျတော့အကုန်ကြောက်ကြသည်။သူပါဝိုင်းထိန်းပေးတော့ မဟူရာတာဝန်တစ်ခုပေါ့သွားသည်။

မဟူရာ ကလေးတွေကို၃နာရီလောက်မှာစာသင်ပေးတာရပ်လိုက်ပြီတော့ ကလေးတွေနဲ့လိုက်ကစားပေးနေသည်။ ပထမတော့မဟူရာမကစားချင်ဘူး။တိမ်မျှင်ကြိုးက ကလေးတွေရဲ့အုပ်ထိန်းသူနဲ့အထဲမှာစကားသွားနေတာစောင့်နေရာမှ ကလေးလေးတွေရဲ့ချစ်စဖွယ် ဆရာလေးလို့ခေါ်သံလေးတွေအသည်းယားဖို့ကောင်းတဲ့အမှူအရာတွေနောက်မှာမဟူရာပါသွားလေသည်။

Please be by my sideWhere stories live. Discover now