1

2K 69 25
                                    

Unicode

ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံကြီး၏ ကားပါကင်တွင် နေရာယူရပ်တန့်လိုက်သည့် ကားတစ်စီး။ ကားပေါ်မှဆင်းလာသည့် ပန်းနုရောင်ဂါဝန်လေးနှင့်ကောင်မလေးသည် ပန်းနုရောင်ပွိုင့်ဒေါက်လေးစီးထားပြီး ကျောလယ်အထိရှည်နေသော ပိတုန်းရောင်ကေသာတွင် ပန်းနုရောင်ကလစ်လေးလည်း ညှပ်ထားသေး၏။ လက်တစ်ဖက်က ဖုန်းကိုကိုင်ကာ ဖုန်းပြောရင်း ဂုဏ်ပြုပန်းစည်းဟုယူဆရသည့် ပန်းစည်းတစ်ခုကိုလည်း အခြားလက်တစ်ဖက်နှင့် ပိုက်ထားသေး၏။

"ဒါဆို မှူးငယ်တက်ခဲ့တော့မယ်နော် ကိုကြီး"

ယနေ့ မှူးငယ်၏ အစ်ကိုနှစ်ဝမ်းကွဲ ထိုဆေးရုံတွင် ပထမဆုံး အလုပ်ဝင်သည့်နေ့ဖြစ်၍ ကိုကြီးကို ဂုဏ်ပြုရန် လာခြင်းဖြစ်သည်။ မှူးငယ်အဘိုး၏ အစ်ကိုဖြစ်သူတွင် သားတစ်ယောက်တည်းသာရှိပြီး ထိုသား အိမ်ထောင်ကျပြီးနောက် ဖခင်အတွက် ငါးနှစ်သားမြေးလေးတစ်ယောက်ထားခဲ့ကာ သူတို့ဇနီးမောင်နှံကတော့ တမလွန်သို့ ထွက်ခွာသွားခဲ့ကြသည်။ ထို့ကြောင့် ကျန်ခဲ့သည့်ကလေးငယ်ကို အဒေါ်ဖြစ်သူ မှူးငယ်၏မိခင်ကပဲ ပြုစုထိန်းကျောင်းပေးခဲ့ရသည်။ ထိုအကြောင်းကြောင့်ပဲလား မသိသော်လည်း နွေးထွေးလှသည့် ဆွေမျိုးများအလယ်တွင်တော့ မှူးငယ်နှင့်ကိုကြီးက တစ်ဦးနှင့်တစ်ဦး အရင်းနှီးဆုံးနှင့် အခင်တွယ်ရဆုံးသူများ ဖြစ်လာကြသည်။

ဓာတ်လှေကားထဲဝင်လိုက်ပြီး နံပါတ်တစ်ဆယ့်လေးကို နှိပ်လိုက်သည်။ ဆယ့်လေးထပ်ကိုရောက်သည်နှင့် ဓာတ်လှေကားရှေ့တွင် ကိုကြီးက အသင့်ရပ်စောင့်နေ၏။

"ငါတို့မင်းသမီးလေးက တကယ်လာတယ်ပေါ့"

"မှူးငယ်လာမယ်လို့ ပြောသားပဲ"

ယူလာသည့် ပန်းစည်းကို ကိုကြီးကို ကမ်းပေးရင်း...

"ကွန်ဂရက်ကျူလေးရှင်း ကိုကြီး"

"ကျေးဇူး"

"ပထမဆုံးနေ့ အခြေအနေလေး"

"အဆင်ပြေပါတယ်။ အဘိုးဆီသွားဦးမလား"

"မသွားတော့ဘူး"

ဆေးရုံအုပ်ဖြစ်သူ အဘိုးကို ဝင်မနှုတ်ဆက်တော့ဘဲ ဆေးရုံကန်တင်းသို့ ဆင်းခဲ့ကြသည်။

မေတ္တာနွံWhere stories live. Discover now