27

1.2K 60 25
                                    

Unicode

မှန်တင်ခုံရှေ့တွင် အလှဆုံးပြုံးကာ မျက်နှာလေးကို ဟိုဘက်လှည့်ကြည့်လိုက်၊ သည်ဘက်စောင်းကြည့်လိုက်နှင့် မျက်လုံးလေးဝင့်ကြည့်နေသော မှူးငယ်။ မျက်နှာလေးကို အလှပဆုံး ခြယ်သပြီးနောက် အသင့်ပြင်ထားသည့် ငွေရောင်မြန်မာဝတ်စုံလေးကို ဝတ်ဆင်လိုက်သည်။ ယနေ့ ကိုကို့သူငယ်ချင်း၏ မင်္ဂလာဆောင်နေ့ ဖြစ်သည်။

ကိုကိုကတော့ သတို့သား၊ သတို့သမီး နှစ်ဖက်လုံး၏ သူငယ်ချင်းအရင်းကြီးဖြစ်၍ စောစောသွားသည်။ မှူးငယ်ကတော့ အေးအေးဆေးဆေးမှ လိုက်သွားရမည်။ ခန်းမရှေ့မရောက်မီ ကိုကို့ကို ဖုန်းကြိုဆက်ထားလိုက်သည်။

"ကိုကို.. မှူးငယ်ရောက်တော့မယ်"

"ကိုယ်ထွက်စောင့်‌နေမယ်"

မှူးငယ် ကားပေါ်ကဆင်းသည်နှင့် ကိုကိုက မှူးငယ်ဆီသို့ ခြေလှမ်းကျဲများနှင့် လျှောက်လာသည်။ ငွေရောင်ပိုးလုံချည်လေးနှင့် စတစ်လက်ရှည်လေးဝတ်ထားသည့် ကိုကိုက သန့်ပြန်ရည်မွန်နေသည်။ ကိုကို့တွင်ရှိသည့် အကြည်ဓာတ်လေးက ကိုကို့အပြုံးတို့ကြောင့် ပို၍ နှစ်လိုဖွယ်ကောင်းရပြန်သည်။ ခန်းမထဲအဝင်တွင် မှူးငယ် ကိုကို့လက်မောင်းကိုချိတ်ကာ မဏ္ဍပ်တိုင်တက်ပစ်လိုက်သည်။

"မမက လှလိုက်တာ"

"မှူးငယ်လေးက ကြည့်တတ်လိုက်တာ။ ကျေးဇူးပဲ ညီမလေး၊ ဇွဲသူရကိုကိုလည်း သင်ပေးလိုက်ပါဦး"

မှူးငယ်က သတို့သမီးကို ချီးကျူးတော့ သတို့သမီးက ကိုကို့ကို ပြန်စသည်။

"မှူးငယ် အချိန်ရတယ်မလား။ မပြန်နဲ့ဦးနော်၊ နေဦး"

"ဟုတ် မမ"

"ဒါဆို အေးအေးဆေးဆေးနေဦးနော်"

မင်္ဂလာဆောင်မှာ သူငယ်ချင်းနှစ်ယောက်၏ မင်္ဂလာပွဲဖြစ်၍ ကျောင်းတုန်းက သူငယ်ချင်း တော်တော်များများ ပြန်စုမိကြသည်။ ရှေ့ဖြစ်နောက်ဖြစ်များပြောကာ ရယ်ကြမောကြသည်။ တချို့ကလည်း အိမ်ထောင်ကျနေပြီ။ တချို့ကလည်း လူမှန်မတွေ့သေးပေ။

မေတ္တာနွံWhere stories live. Discover now