15

1.1K 63 34
                                    

Unicode

ယနေ့ မှူးငယ် ကိုကိုနှင့် လျှောက်လည်ရမည်။ ကိုကိုကတော့ မှူးငယ်ကို ကစားကွင်းလိုက်ပို့ခြင်းဖြစ်ပြီး မှူးငယ်ဘက်ကတော့ ကိုကိုနှင့် ဒိတ်လုပ်သည်၊ ချိန်းတွေ့သည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ယနေ့သည် မှူးငယ်နှင့်ကိုကို ချိန်းတွေ့မည့်‌နေ့ ဖြစ်သည်။

"ကိုကို.. ဒါလေးလှလား"

အပြာရောင်ဂါဝန်လေးဝတ်၍ ဇွဲသူရကိုရှေ့ ကိုယ်ကို လှည့်ပြလိုက်သည့် မှူးငယ်။

ဇွဲသူရကို ဖုန်းကြည့်နေရာမှ မှူးငယ်ကို မော့ကြည့်လိုက်သည်။ အပြာရောင်ဂါဝန်လေးနှင့်မှူးငယ်သည် အပြုံးတို့ လတ်ဆတ်ကာ မျက်နှာလေးလည်း ကြည်ရွှင်နေသည်။ မှူးငယ်သည် ပန်းရောင်ကို မည်မျှကြိုက်နှစ်သက်သည်ကို အထူးပြောရန်လိုမည်မထင်။ မှူးငယ်ရွေးချယ်လိုက်လျှင် အမြဲတစေ ပန်းရောင်ချည်းသာ ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူ့ကိုလည်း အပြာနှင့်အဖြူအစင်း အင်္ကျီလေးထုတ်ပေးပြီး မှူးငယ်ကိုယ်တိုင်လည်း အပြာရောင်ဂါဝန်လေး ဝတ်ထားသည်။ ခေါင်းတွင်လည်း အပြာရောင်ကလစ်လေး ပန်ထားသေးသည်။ စိတ်ကြည်နေသည့်မှူးငယ်သည် အပြာရောင်ကြည်ကြည်လေးကို ရွေးထားသည်။

မှူးငယ်တွင် အပြုံးအရယ်တို့ ကူးစက်စေနိုင်စွမ်း ရှိသည်။ ဇွဲသူရကို အပြုံးချိုချိုတို့နှင့်အတူ မှူးငယ်ကို လက်မထောင်ပြလိုက်သည်။

"လှတယ်"

"ဒါဆို ဒါလေးပဲ ဝတ်လိုက်တော့မယ်"

ဂါဝန်လေးမ,ကာ အခန်းထဲကို မြောက်ဆွမြောက်ဆွနှင့် ပြန်ဝင်သွားပြန်သည်။  ချစ်သောသူနှင့်သာဆိုလျှင် မှူးငယ် သည်ထက် ပိုပျော်ရလိမ့်မည်။

"ကိုကို.. ခြံတံခါးသော့ရော"

"မှူးငယ်ယူသွားတယ်လေ"

"ဟင် ဟုတ်လား"

အောက်ထပ်အဆင်း အောက်ဆုံးလှေကားထစ်ရောက်မှ သော့မေ့ခဲ့၍ အပေါ်ပြန်တက်သူကို ကြည့်၍ ဇွဲသူရကို၏ညာပါးချိုင့်လေး အသက်ဝင်ရပြန်ပါသည်။

မေတ္တာနွံWhere stories live. Discover now