21

1.3K 56 24
                                    

Unicode

စာကြည့်ခန်းထဲတွင် ဇွဲသူရကိုက စာဖတ်နေစဉ် မှူးငယ်ကတော့ စာအလွတ်ရေးနေသည်။ စာမေးပွဲဖြေရန် နှစ်ရက်သာလိုတော့သည်ဖြစ်၍ နှုတ်မှမကျက်တော့ဘဲ ချ၍သာ ရေးနေတော့သည်။ ခေတ္တအကြာ စာရေးနေရင်းမှ လက်နှစ်ဖက်မြှောက်၍ အကြောဆန့်လိုက်ပြီး ဇွဲသူရကိုရှေ့ရောက်လာကာ သူ့လက်နှစ်ဖက်ကို ရှေ့ထိုးပေးသည်။ ဤသည်မှာ 'စာရေးရလွန်းသဖြင့် သူ့လက်ချောင်းလေးများ ညောင်းနေပြီ။ နှိပ်ပေး' ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဇွဲသူရကိုလည်း လက်ကိုဆွဲယူကာ နှိပ်နယ်ပေးလိုက်သည်။ ဤသည်က ယခင်က အန်တီလုပ်ပေးနေကျဖြစ်၍ ယခုတော့ သူ့တာဝန် ဖြစ်နေပြီ။

"တော်ပြီ တော်ပြီ ရပြီ"

မှူးငယ် ရေတစ်ခွက်သောက်ပြီး စာကြည့်စားပွဲသို့ ပြန်သွားလိုက်သည်။ ထို့နောက် လက်ကို ဆန့်ခါကာ အားယူလိုက်ပြီး စာပြန်ရေးတော့သည်။

စာမေးပွဲရက် နီးကပ်လာသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း မှူးငယ်သည် စာကို ကြိုးကြိုးစားစား ကျက်ရှာသည်။ ထို့ကြောင့် ညဘက်တွင် ညဥ့်နက်သည်အထိ စာကျက်ရန်မလိုတော့ပေ။ ညနေတိုင်းလည်း လမ်းလျှောက်ထွက်ဖြစ်သည်။ လူကြီးပေါက်လေးမှူးငယ်၏ ကလေးဆန်မှုများနှင့် အလိုလိုက်ခံမင်းသမီးလေး၏ ချွဲနွဲ့မှုများကိုလည်း ပို၍ သိမြင်လာရသည်။

စာမေးပွဲတွင်းတစ်ခုလုံး မှူးငယ်ကို ဇွဲသူရကိုကိုယ်တိုင် အပို့အကြိုလုပ်ပေးပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးသည်။ စာမေးပွဲနောက်ဆုံးရက်တွင်တော့ ထုံးစံအတိုင်း စားသောက်ဆိုင်တွင် မိသားစုနှင့်အတူ ညစာစားကြသည်။

လူကြီးများကို နှုတ်ဆက်ပြီးသည်နှင့် မှူးငယ်သည် ဇွဲသူရကို,ကို စကားမပြောတော့ပေ။ အိမ်ပြန်ရောက်တော့လည်း ရေချိုးပြီး အိပ်ရာဝင်သွားသည်။ ဇွဲသူရကိုက 'good night' ပြောသည်ကိုပင် ပြန်လည် မတုန့်ပြန်တော့ပေ။ သူငယ်ချင်းများနှင့် ခရီးထွက်ရန် ခွင့်မပြုခြင်းကြောင့် စိတ်ကောက်နေခြင်းဖြစ်သည်။

အိပ်ချင်ယောင်ဆောင်နေသော ကောင်မလေး၏ ကျောပြင်ကို ကြည့်၍ ဇွဲသူရကို ပြုံးမိသည်။ မှူးငယ်သည် သူ့ကို ကျောပေးထားသည်မှာ တော်တော်နှင့်ပြန်လှည့်မလာ။ မှူးငယ် တကယ်အိပ်လျှင် ထိုသို့မဟုတ်။ သူ့ဘက်ကို စောင်း၍ အိပ်တတ်သည်။ ပက်လက်ကလေး အိပ်ပျော်‌နေလျှင်တောင် သူ့ဘက်သို့ မျက်နှာမူထားတတ်သည်။ ယခု သူ့ကို ကျောပေးထားတာကြာပြီဖြစ်၍ မှူးငယ် အိပ်မပျော်သေးမှန်း သိသာသည်။

မေတ္တာနွံWhere stories live. Discover now