14

1.3K 64 28
                                    

Unicode

"အိမ်ရောက်ပြီ"

"ဟင်"

မှူးငယ် အိပ်မက်ယောင်နေသူတစ်ဦးပမာ တုန့်ပြန်လိုက်ပြီးမှ သတိဝင်လာကာ ကားပေါ်မှ ဆင်းလိုက်သည်။ ကိုကိုက သူ့ကို လာကြိုသည်ဆိုသည်ကို ယခုထိ မယုံကြည်နိုင်သေး။ သို့သော် ကိုကိုသည် မှူးငယ်၏ ခရီးဆောင်အိတ်နှင့် ပါလာသောပစ္စည်းများကိုယူ၍ အိမ်ထဲဝင်သွားလေပြီ။

အခန်းထဲရောက်သည်နှင့် ကိုယ်လက်သန့်စင်၍ အဝတ်အစားလဲလိုက်သည်။ သူယ်ချင်းများနှင့်ပျော်ရွှင်ရယ်မောနေစဉ်က မသိသာသော်လည်း အိမ်ပြန်ရောက်သည်နှင့် ခန္ဓာကိုယ်က ပင်ပန်းနေပြီဖြစ်ကြောင်း အချက်ပြလာသည်။ အိပ်ရန် ခုတင်ပေါ်တွင် လှဲလိုက်သည်။

"ထဦး"

မျက်လုံးမှိတ်ကာရှိသေးသည်။ ဇွဲသူရကိုက ထခိုင်းသဖြင့် မှူးငယ် ထထိုင်လိုက်ရသည်။ မှူးငယ့်‌ဘေးလာရပ်သူသည် လက်ထဲတွင် ဆေးသေတ္တာလေးလည်း ပါလာသည်။ မှူးငယ် ထ၍ ခြေတွဲလဲထိုင်လိုက်သည်နှင့် သူလည်း ကြမ်းပြင်တွင် ခြေဖျားထောက်၍ ထိုင်ချလိုက်သည်။ ထို့နောက် မှူးငယ့်လက်ကို ဆွဲယူလိုက်သည်။

"အ"

လက်သန်းအောက်နားမှ ပွန်းနေသည့်နေရာကို အရက်ပြန်ထိလိုက်သောကြောင့် မှူးငယ် ညည်းလိုက်မိသည်။

"ဘယ်လိုဖြစ်လာတာလဲ"

အရက်ပြန်ကြောင့် စပ်နေသည့်ဒဏ်ရာကို ပါးစပ်ဖြင့် လေမှုတ်ပေးရင်း မေးလိုက်သည်။

"စပ်တယ်"

"ခဏပဲ စပ်မှာ။ နည်းနည်းသည်းခံ"

မှူးငယ့်လက်ကို ဆေးထည့်ပြီးနောက် မေးလာပြန်သေးသည်။

"ဘယ်မှာရှိသေးလဲ"

"တံတောင်ဆစ်မှာ"

"အင်္ကျီလက်တင်လိုက်"

ညဝတ်အင်္ကျီလက်ကို ဆွဲတင်လိုက်သည်နှင့် ဖြူဥဥအသားအရည်တွင် အနီရောင်ပွန်းပဲ့ရာများ ပေါ်လာသည်။ တံတောင်ဆစ်တွင် ပိုဆိုးသည်။ မျက်နှာသေနှင့် ဆေးထည့်ပေးနေသူကလည်း ဒဏ်ရာကို လေတဟူးဟူးမှုတ်၍ ဆေးထည့်ပေးသည်။

မေတ္တာနွံWhere stories live. Discover now