33

1.3K 68 12
                                    

Unicode

"ကိုကို"

မှူးငယ် အိမ်ထဲရောက်ချိန်တွင် ဇွဲသူရကိုသည် ဧည့်ခန်းတွင်ထိုင်နေသည်။ တီဗီလည်း ဖွင့်မထား၊ ဖုန်းလည်း သုံးမနေ၊ စာအုပ်လည်း ဖတ်မနေ။ အိမ်ထဲဝင်လာသည့်မှူးငယ်ကိုသာ ကြည့်နေသည်။

"မှူးငယ် အိမ်ဝင်နေသေးလို့ နောက်ကျနေတာ ကိုကို"

"အင်း။ ကိုယ့်ကိုလှမ်းခေါ်မယ် ထင်ထားတာ"

"အစကတော့ ခေါ်မလို့ပဲ။ ပြီးမှ Sun လိုက်ပို့မယ်ဆိုလို့ မခေါ်တော့တာ"

"အင်း"

"ကိုကို ထမင်းစားပြီးပြီလား"

"မစားရသေးဘူး"

"ဒါဆို ခဏနော်။ မှူးငယ် ချက်ချင်းပြန်ဆင်းခဲ့မယ်"

"ဖြည်းဖြည်း ဖြည်းဖြည်း ချော်ကျမယ်"

အပေါ်ထပ်သို့ အပြေးလေးတက်သွားသော မှူးငယ်ကို ဇွဲသူရကို လှမ်းသတိပေးရသည်။

သူ အပြင်တွင် ညစာမစားတတ်တော့သကဲ့သို့ အိမ်တွင်လည်း တစ်ယောက်တည်းစားသည့်အကျင့် မရှိတော့ပါ။ ညစာစားရန်အတွက် မှူးငယ်ကို စောင့်တတ်နေခဲ့ပြီ။ အမှန်အတိုင်းဝန်ခံရလျှင် ဤသည်ကလည်း မှူးငယ်လေ့ကျင့်ပေးထားသည့် အလေ့အကျင့်တစ်ခုပင် မဟုတ်ပါလား။

မှူးငယ်ပြန်ဆင်းလာပြီး ဟင်းနွှေးရန်ကြည့်လိုက်တော့ ဟင်းအားလုံးက နွှေးပြီးသားဖြစ်နေလေပြီ။ မှူးငယ် နှစ်ယောက်စာ ထမင်းဝိုင်းသာ ပြင်လိုက်သည်။ ကိုကို့အကြိုက် ရွေးချက်တတ်သည့် မှူးငယ်ကတော့ ကိုကိုစားနေသည်ကို ကြည့်ပြီး ပီတိဖြစ်ရသည်။

ညအိပ်ရာဝင်တော့ မှူးငယ်က မေးလာသည်။

"ဒါနဲ့လေ ကိုကို.. သဘက်ခါအားလား။ ချိန်းထားတာရှိလား"

"ဘာဖြစ်လို့လဲ။ ချိန်းထားပြီးသားတော့ ရှိတယ်"

"သူငယ်ချင်းနဲ့လား"

"အင်း တစ်ဖွဲ့လုံး လုပ်အားပေးသွားကြဖို့ ပြောထားတာ။ မှူးငယ့်ကိစ္စက အရေးကြီး..."

"ရတယ် ရတယ် မကြီးဘူး။ ဒီတိုင်းပဲ မေးကြည့်တာ"

မှူးငယ် ကိုကို့ကိုပြောရင်း ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်။ ကိုကိုကတော့ အုံးတားကိုကျောမှီထိုင်ရင်း မှူးငယ်ကို ငုံ့ကြည့်လာသည်။ မှူးငယ်လည်း ကိုကို့မျက်နှာချောချောကို မော့ကြည့်နေသည်။

မေတ္တာနွံWhere stories live. Discover now