35

2.4K 96 36
                                    

Unicode

"မှူးငယ်.. ပြီးရင် သွားရအောင်လေ"

မျက်နှာကို အလှပဆုံးခြယ်သထားပြီး ဂါဝန်လေးဝတ်ကာ ပို့စ်အမျိုးမျိုးပေးနေပြီး မှန်ရှေ့မှ မခွာနိုင်ဖြစ်နေသည့် မှူးငယ်ကို ဇွဲသူရကို လောဆော်ရသည်။ ယနေ့ည စီးပွားရေးအရရော လှုမှုရေးအရပါ ရင်းနှီးသည့် အစ်ကိုတစ်ယောက်၏ မွေးနေ့ပါတီသို့ တက်ရောက်ရမည်ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် နှစ်ထည်တည်းသာရှိသည့် ဂါဝန်လေးက ခန္ဓာကိုယ်နှင့်ကပ်နေကာ ကောက်ကြောင်းအလှ ပေါ်လွင်နေပြီး ပန်းနုရောင်လေးက အရောင်နုလွန်းသဖြင့် မှူးငယ့်အသားနှင့် ထပ်တူကျနေသည်။ ခြယ်သထားသည့် ပန်းနုပြေးမျက်နှာလေးနှင့် လိုက်ဖက်လွန်းလှသည်။ ဇွဲသူရကိုဘေးတွင် ကြွေရုပ်လေးတစ်ရုပ် လိုက်ပါလာသလိုပင်။

လူငယ်များ၏ ပါတီဖြစ်သဖြင့် အားလုံးက ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသည်။

ဇွဲသူရကိုနှင့်မှူးငယ်က ပါတီသို့ရောက်သည်နှင့် မွေးနေ့ရှင်ကို မွေးနေ့ဆုတောင်းစကားပြောရင်း လက်ဆောင်ပေးလိုက်သည်။

"မှူးငယ်လေး လှနေတာနော်"

"ကျေးဇူး"

အစ်မတစ်ယောက်က နှုတ်ဆက်တော့ မှူးငယ်က နှာခေါင်းလေးရှုံ့ကာ 'ကျေးဇူး' ဟု ပြန်ပြောသည်။ သူတို့အသိုင်းအဝိုင်းတွင်တော့ ရတီမှူးပိုင်ဆိုသည့် မင်းသမီးလေး အလှအပကြိုက်ကြောင်း၊ ပန်းကြိုက်ကြောင်း၊ ပန်းနုရောင်ကြိုက်ကြောင်း မသိသူ မရှိပေ။

"ကိုကြီး.. Sun ရောက်ပြီလား"

သူရိန်လင်းခန့်နှင့် မွေးနေ့ရှင်အစ်ကိုဆိုသည်မှာ သူငယ်ချင်းလိုရော ညီအစ်ကိုအရင်းလိုပါ လည်ပင်းဖက်ပေါင်းနေကြသည့် ဝမ်းကွဲညီအစ်ကိုများ ဖြစ်သည်။

"ရောက်ပြီ။ ရေကူးကန်ဘက်မှာ ထင်တယ်"

"ဪ"

မှူးငယ်နှင့် ဇွဲသူရကို ဟိုကြည့်သည်ကြည့်လုပ်နေစဉ် ဇွဲသူရကို,ကို သူငယ်ချင်းတစ်ယောက်က ခွက်မြှောက်ပြကာ နှုတ်ဆက်လိုက်သည်။ ဇွဲသူရကိုက ထိုသူငယ်ချင်းကို ပြန်လည်နှုတ်ဆက်လိုက်သော်လည်း မှူးငယ်ကတော့ ကိုကို့သူငယ်ချင်းထက် မလှမ်းမကမ်းက ပြုံးရယ်နေသော နက်ပြာရောင်ဂါဝန်ရှည်နှင့် လမင်းတစ်စင်းကိုသာ မြင်နေသည်။

You've reached the end of published parts.

⏰ Last updated: Oct 22, 2022 ⏰

Add this story to your Library to get notified about new parts!

မေတ္တာနွံWhere stories live. Discover now