3

1.4K 50 42
                                    

Unicode

"ဘိုးဘိုးဆီသွားလိုက်ဦး"

ယနေ့၏ မွေးနေ့ရှင်သည် ကောင်းထက်ယံတစ်ဦးတည်းမဟုတ်။ ကောင်းထက်ယံအဘိုး၏ မွေးနေ့လည်းဖြစ်သည်။ မွေးနေ့တူသည့် အဘိုးနှင့်မြေး၏ မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း နှစ်ယောက်ပေါင်း ကျင်းပကြသည်။ သူနှင့်မွေးနေ့တူသည့်မြေးလေး မွေးပေးထားသည့် ကောင်းထက်ယံ၏ မိခင်ကတော့ ယောက္ခမမျက်နှာသာအပေးဆုံး ချွေးမ ဖြစ်လာခဲ့သည်။

မှူးငယ် ငယ်ငယ်ကဆိုလျှင် 'သမီးကြီးရင် ဘိုးနဲ့ မွေးနေ့တူအောင်လည်း မွေးမယ်။ ဖေဖေနဲ့ မွေးနေ့တူအောင်လည်း မွေးမယ်။ မေမေနဲ့‌ မွေးနေ့တူအောင်လည်း မွေးမယ်' ဟု ပြောလေ့ရှိသည်။ 'ဘာလို့လဲ' ဟု မေးလျှင် 'ဒါမှ သမီးယောက်ျားက အားလုံးရဲ့အချစ်ဆုံးဖြစ်အောင်လို့' ဟု ပြန်ဖြေတတ်သည်။ ငယ်စဉ်ကတော့ အကြောင်းတိုက်ဆိုင်တိုင်း ထိုကိစ္စကို အစဖော်၍ စနောက်လေ့ရှိသော်လည်း မှူးငယ် အရွယ်ရောက်လာချိန်တွင်တော့ မည်သူကမျှ အစမဖော်ကြတော့ပေ။

"ဟက်ပီးဘတ်ဒေး ဘိုးဘိုး၊ မွေးနေ့မှာပျော်ရွှင်ပါစေ"

"မွေးနေ့မှာပျော်ရွှင်ပါစေ ဘိုးဘိုး"

"ငါတို့မင်းသမီးလေး လာပြီလား"

မွေးနေ့ရှင်ဘိုးဘိုးတို့ဝိုင်းတွင် မှူးငယ့်အဘိုးနှင့် ရတုမှူးပိုင်၏အဘိုးလည်း ရှိ‌နေသည်။ ပြောရမည်ဆိုလျှင် သူတို့မိသားစုများမှာ ဘိုးစဉ်ဘောင်ဆက် မိတ်ဆွေသူငယ်ချင်းများ ဖြစ်သည်။

"မင်းသမီးလေးကိုယ်တိုင် မွေးနေ့ကိတ်ပြင်ဆင်ပေးတာနဲ့တင် ဘိုးဘိုးက ပျော်နေပြီ"

"သမီးက ဘေးကနေ ဝင်ရှုပ်ရုံပါပဲနော်။ တကယ်က အန်တီကိုယ်တိုင်ပြင်တာပါ။ ဘိုးဘိုးမြင်ရင် ကြိုက်မှာသေချာတယ်"

"ဝင်ရှုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဘိုးဘိုးလည်း မြင်ချင်လှပါပြီ"

ဘိုးဘိုးတို့ဝိုင်းသည် လူကြီးဝိုင်းဖြစ်သည့်အတွက် မှူးငယ်တို့ ကြာကြာမနေ။ မွေးနေ့ဆုတောင်းနှင့် နှုတ်ဆက်စကားအနည်းငယ်ပြောပြီး ထွက်ခဲ့ကြသည်။ မွေးနေ့တွင် ဘူဖေးနှင့်ဧည့်ခံသဖြင့် မှူးငယ်တစ်ယောက် အကြိုက်တွေ့နေတော့သည်။ စားသောက်ဖွယ်ရာများထည့်ရန် ပန်းကန် လက်ထဲရောက်သည်နှင့် ရတုမှူးပိုင်ကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။

မေတ္တာနွံWhere stories live. Discover now