25

1.1K 52 25
                                    

Unicode

ဇွဲသူရကိုတစ်ယောက် မှူးငယ်ပျောက်လို့ရှာနေစဉ် ခြံရှေ့တွင် ကလေးတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ငုတ်တုတ်လေးထိုင်နေသော မှူးငယ်ကို တွေ့လိုက်ရသည်။ ရင်ခွင်ထဲတွင်လည်း တစ်စုံတစ်ခုကို ပွေ့ထားပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်နေကြသည်။ မှူးငယ့်လက်ထဲ ပွေ့ထားသည့်အရာကို သေချာမြင်လိုက်သည်နှင့် ဇွဲသူရကို ခြံရှေ့သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားတော့သည်။

"မှူးငယ်"

"သူက နေမကောင်းနေတာ ဆေးခန်းပြရမှာ"

မှူးငယ့်လက်ထဲ ပွေ့ထားသည်က အဝါရောင် အမွှေးပွခွေးလေး။ ဇွဲသူရကိုသည် ခွေးလေးကို ပွတ်သပ်ပေးရင်း ကလေးကို မေးလိုက်သည်။

"ဒါ သား ခွေးလေးလား။ နာမည်ဘယ်လိုခေါ်လဲ"

"ကျွေ့ကျွေ့"

"ကျွေ့ကျွေ့.. ဒီကိုလာ"

ကလေးငယ်က ခေါင်းညိတ်ပြရင်း ဖြေတော့ ဇွဲသူရကိုက မှူးငယ့်လက်ထဲမှ ခွေးလေးကို ယူလိုက်သည်။ သို့သော် ပွေ့ထားသူက လွှတ်မပေးတော့ဘဲ...

"‌ကျွေ့ကျွေ့က နေမကောင်းနေတာ ဆေးခန်းပြရမှာ"

"အရင်က ဒီမမမှာလည်း ခွေးလေးရှိဖူးတယ်။ နာမည်က ကီရိုတဲ့။ ဟုတ်တယ်နော် မှူးငယ်"

မှူးငယ် ခေါင်းညိတ်ပြစဉ် မှူးငယ်သတိအလစ် ဇွဲသူရကို ကျွေ့ကျွေ့ကို မှူးငယ့်ရင်ခွင်ထဲမှ ချီယူလိုက်သည်။

"ကီရို၊ ကီရို"

"ဒါကီရို မဟုတ်ဘူးလေ မှူးငယ်ရ။ ကျွေ့ကျွေ့ပါ။ သေချာကြည့်ပါဦး၊ ကီရိုမဟုတ်ပါဘူး၊ ကျွေ့ကျွေ့ပါ"

သူက ကျွေ့ကျွေ့ကို ပွတ်သပ်ပေးရင်းပြောတော့ မှူးငယ်က သူ့ကို မော့ကြည့်လာသည်။ မျက်ဝန်းများတွင် စိုးရိမ်မှုလေးများက အထင်းသား။ ကျွေ့ကျွေ့ကို ကီရိုထင်နေသည့် ကောင်မလေး၏ အကြည့်လေးများက မြင်ရသူအဖို့ ကရုဏာသက်စရာ။

ဇွဲသူရကို ကျွေ့ကျွေ့ကို ပွတ်ပေးရင်း ခွေးပိုင်ရှင်ကလေးငယ်ကို ပြောလိုက်သည်။

"ကီရိုလေးကလည်း နေမကောင်းလို့ သေသွားတာ"

"ကျွေ့ကျွေ့ကလည်း နေမကောင်းနေတာ"

မေတ္တာနွံWhere stories live. Discover now