31

1.7K 89 53
                                    

Unicode

ဟိုတယ်တစ်ခု၏ ခေါင်မိုးထပ်ရှိ ရေကူးကန်ဘေးတွင် မွေးနေ့ပွဲကျင်းပကာ ပျော်ရွှင်နေကြသည့် လူငယ်တစ်စု။ မွေးနေ့ရှင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးပြီးနောက် လူငယ်တို့သဘာ၀ စားစားသောက်သောက်နှင့် ရယ်မောပျော်ရွှင်နေကြသူများရှိသလို ညလေညင်းကို အရသာခံရင်း အေးအေးဆေးဆေး စကားပြောနေကြသူများလည်း ရှိသည်။

ရတီမှူးပိုင်ကတော့ ကိုးထပ်ရှိသော ဟိုတယ်၏ ခေါင်မိုးထပ်တွင် ရပ်ကာ ညအလှကို ငေးကြည့်နေသည်။ ကောင်းကင်တွင် လမင်းသာနေပြီး တမျှော်တခေါ် ငေးကြည့်လိုက်လျှင်လည်း နီယွန်မီးရောင်များနှင့် မြို့အလှကို မြင်နေရသည်။

အမှန်တော့ မှူးငယ်လည်း ရီဝေဝေ ဖြစ်နေပြီ။

လူတိုင်းတွင် မူးလျှင် ဖြစ်တတ်သည့် အကျင့်လေးများ ရှိတတ်သည်။ ရတီမှူးပိုင်၏အကျင့်ကတော့ သူ့ကိုယ်သူ မူးတော့မည်ဆိုတာသိလျှင် လူများရာတွင် မနေတော့ဘဲ တစ်ယောက်တည်း သီးသန့်ခွဲထွက်ကာ လေညင်းခံတတ်ခြင်းဖြစ်သည်။

"မှူးငယ်.. ငါတို့နဲ့ လာထိုင်လေဟာ"

ညအလှကို ငေးမောနေသော မှူးငယ့်ဘေးသို့ မွေးနေ့ရှင်ကောင်မလေး ရောက်လာသည်။

"တော်ပြီ။ ငါ မသောက်နိုင်တော့ဘူး"

"လာပါဟ နင်ကလည်း။ Juice ပဲ သောက်ပေါ့"

မှူးငယ်သည် အဝေးတစ်နေရာမှ ရွှေရောင်မီးတန်းလေးများနှင့် တံတားကြီးကို လှမ်းကြည့်နေသည်။ တံတားနားသွားကြည့်လျှင်တော့ တံတားအောက်က မြစ်ရေပြင်တွင် အလင်းရောင်များ ထင်ဟပ်နေသည်ကို မြင်ရလိမ့်မည်။

"မှူးငယ်.. ငါ နင့်ကို ပြောထားတဲ့ကိစ္စလေ၊ နင့်ဖေဖေကို ပြောပေးနော်"

"အေးပါ၊ ပြောပေးပါ့မယ်"

"အဲဒီပရောဂျက်က အကျိုးအမြတ်ရမှာ သေချာတယ်။ ယုံယုံကြည်ကြည်နဲ့သာ မြှုပ်နှံလိုက်၊ အကျိုးမယုတ်စေရဘူး။ တကယ်ပြောတာ"

"အေးပါ။ ပြောတာတော့ ပြောပေးမယ်ဟာ။ မြှုပ်နှံတာ မမြှုပ်နှံတာကျ ငါလည်း အာမ,မခံနိုင်ဘူး"

မေတ္တာနွံWhere stories live. Discover now