10

1.1K 47 20
                                    

Unicode

"မှူးငယ်.. နင်တို့အိမ်ကလည်း ပျင်းစရာကြီး"

"အဲဒီတော့ နင်တို့ပျော်အောင် ဘာလုပ်ပေးရမလဲ"

ယနေ့ မှူးငယ်အိမ်တွင် သူငယ်ချင်းလေးယောက် ဆုံဖြစ်ကြသည်။ ညနေမှဆုံရန် ချိန်းထားသော်လည်း မနက်ကတည်းက ရောက်နေကြသောကြောင့် နေ့လယ်စာပါ စီစဉ်ရတော့သည်။ မိန်းကလေးနှစ်ယောက်မှာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော်လည်း ယောက်ျားလေးနှစ်ယောက်ကတော့ ဂိမ်းဆော့ရင်း ပျင်းနေကြသည်။

"မှူးငယ်.. နင် နည်းနည်းပိန်သွားသလိုပဲ"

"မပိန်ပါဘူး"

"မျက်နှာလေး နည်းနည်းချောင်ကျသွားတယ်"

သုသုစံက အရွက်ဆေးရင်း မှူးငယ့်မျက်နှာကို သေချာကြည့်နေသည်။ မှူးငယ် မီးဖိုပေါ်မှ ဟင်းရည်အိုးကို မွှေပြီး ဇွန်းနှင့်ခပ်၍ အရသာမြည်းကြည့်လိုက်သည်။ ထို့နောက်မှ...

"ထင်လို့ပါ"

"နင်တို့ အဆင်မပြေကြဘူးလား။ နင့်ကိုကိုက ဂရုရောစိုက်ရဲ့လား"

"စိုက်ပါတယ်"

"ငါတို့လာလို့ နင့်ကို ပြောနေဦးမလား"

"ဘာမှ မပြောဘူး.. အေးဆေး"

"ပြီးရော"

အမှန်တကယ်လည်း ကိုကိုသည် ဘာမျှပြောမည်မဟုတ်ပါ။ မှူးငယ့်သူငယ်ချင်းများ မှူးငယ်ဆီ လာလည်သည်ဖြစ်စေ၊ မှူးငယ်က သူငယ်ချင်းအိမ်သို့ အလည်သွားသည်ဖြစ်စေ၊ မူးငယ် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် ကိုကိုသည် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။

နေ့လယ်စာစားပြီး ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ရန် သုသုစံနှင့် လင်းသစ်ခန့်က တာဝန်ယူပြီး မှူးငယ်နှင့် မြတ်သောခန့်ကတော့ အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်ကာ ဖုန်းကိုင်နေကြသည်။

"အာ ကုန်သွားပြီ"

မြတ်သောခန့် ရေသောက်ရန် ရေဘူးကိုမလိုက်တော့ ရေက ကုန်နေလေပြီ။

"ငါထည့်ပေးမယ်"

မြတ်သောခန့် ဂိမ်းဆော့နေမှန်းသိ၍ မှူးငယ် ရေဘူးယူရန် ရေခဲသေတ္တာဆီလာတော့ ထမင်းစားခန်းပေါက်အရောက် မြင်လိုက်ရသည်က ဆပ်ပြာမြှုပ်များကပ်‌နေသည့် ပန်းကန်ကို ကိုင်ထားရင်း သုသုစံပါးကို ဖျတ်ခနဲနမ်းလိုက်သည့် လင်းသစ်ခန့်။

မေတ္တာနွံWhere stories live. Discover now