2

1.4K 48 13
                                    

Unicode

"သုစံရေ..."

မှူးငယ် အိမ်ရှေ့မှအော်‌ခေါ်နေသော်လည်း သုသုစံသည် ထွက်မလာ။ နောက်ထပ် သုံး၊လေးခွန်း အော်ခေါ်ကြည့်သေးသည်။ ပြန်ထူးသံပင် မကြားရပေ။ ကျောင်းပိတ်ရက်တွင် သုသုစံအိမ်၌ ဟော့ပေါ့လုပ်စားရန် ချိန်းထားသော်လည်း အိမ်ရှင်မှာ ခေါ်မကြား၊ အော်မကြား၊ ဖုန်းဆက်တော့လည်း မကိုင်။ အိမ်က ကားဖြင့်လိုက်ပို့သော်လည်း လမ်းထိပ်တွင်ဆင်းကာ လမ်းလျှောက်ဝင်ခဲ့သည်ကြောင့် ပြန်ရမည်ဆိုလျှင် ဒရိုင်ဘာကို ဖုန်းဆက်ခေါ်ရဦးမည်။

သုသုစံတို့အိမ်မှာ တစ်ထပ်တိုက်ပုလေးဖြစ်ပြီး တိုက်တံခါးကို ဖွင့်ထားသည်။ ခြံတံခါးကိုလည်း အတွင်းမှ သော့ခတ်ထားတာဖြစ်သောကြောင့် အိမ်မှာလူရှိတာ သေချာသည်။ တံခါးဘေးက လူခေါ်ဘဲလ်ကိုကြည့်ပြီး မှူးငယ်သက်ပြင်းချလိုက်သည်။

ဘဲလ်ပျက်နေတာကို ပြင်ပါဆို မပြင်ဘူး။

"မမမှူးငယ်"

မှူးငယ် စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် သုသုစံမောင်လေးက မြင်သွားပြီး အပြေးလေး တံခါးလာဖွင့်ပေး၏။

"မမ ဘယ်တုန်းကရောက်နေတာလဲ။ ရောက်တာကြာပြီလား"

"မကြာသေးဘူး၊ အခုလေးတင်ပဲ ရောက်တာ"

မှူးငယ် ကလေး၏ပခုံးကိုဖက်၍ အိမ်ထဲဝင်ခဲ့သည်။

"သားမမရော"

"မမက နောက်ဖေးမှာ.  မစ်ကီလေး အစာမစားလို့ ချော့ကျွေးနေတာ"

မှူးငယ် ကလေးငယ်နှင့်အတူ ခြံနောက်ဖေးသို့ ပြန်ဆင်းလိုက်သည်။ ပုံမှန်ဆိုလျှင် မှူးငယ့်အသံကြားတာနှင့် ပြေးလာကာ အချီခိုင်းတတ်သောမစ်ကီသည် ယနေ့တော့ မျက်နှာလေးမှိုင်နေကာ ခေါင်းထောင်ကြည့်ရုံသာကြည့်နိုင်ပြီး သုသုစံရင်ခွင်ထဲတွင်သာ မှေးနေသည်။ ဖြူဖြူဖွေးဖွေး အမွှေးပွလေးမစ်ကီသည် အစဉ်အမြဲ အဆော့မက်သော်လည်း ယခုတော့ လှုပ်ပင် မလှုပ်နိုင်ရှာပေ။

မှူးငယ်ကြည့်နေစဉ်မှာပင် သုသုစံရင်ခွင်ထဲမှ မစ်ကီသည် အဖြူရောင်အမွှေးပွလေးမှ တဖြည်းဖြည်း ဆင်စွယ်ရောင်၊ ထို့နောက် ဝါကျင်ကျင်အရောင်မှ အဝါရောင်သို့ ပြောင်းသွားသည်။ မှူးငယ် မစ်ကီ့ကို ကောက်ချီကာ အိမ်ရှေ့သို့ ပြေးထွက်သွားသည်။ သုစံတို့မောင်နှမလည်း မှူးငယ့်နာမည်ကိုခေါ်ကာ နောက်မှ ပြေးလိုက်လာကြသည်။ သို့သော် အလယ်တန်းကတည်းက အပြေးချန်ပီယံမှူးငယ်ကို သူတို့ မီအောင် မလိုက်နိုင်ကြပေ။

မေတ္တာနွံWhere stories live. Discover now