9

1K 32 7
                                    

Unicode

"ကိုကို"

နေ့လယ်စာစားချိန် ဆေးရုံသို့ရောက်လာသည့် မှူးငယ်။ ဇွဲသူရကိုတို့အဖွဲ့လည်း နေ့လယ်စာစားရန်ထွက်လာသည်ဖြစ်၍ အပေါ်တက်လာသည့်မှူးငယ်နှင့် တည့်တည့်တိုးတော့သည်။

မှူးငယ်က 'ကိုကို' ခေါ်ကာ အပြေးလေးလှမ်းလာတော့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များက ဇွဲသူရကိုကို စနောက်ကြသည်။ ဇွဲသူရကိုကတော့ မှူးငယ်ကိုသာ ကြည့်နေဆဲ။

"ကိုကို နေ့လယ်စာစားပြီးပြီလား"

"ခုပဲစားတော့မလို့"

"မှူးငယ် ဟိုးအဝေးကြီးကတည်းက ကိုကို့ကိုမြင်တယ်"

"ဒီလောက်လူတွေအများကြီး သူ့ကိုကိုတစ်ယောက်ပဲ ကွက်မြင်တယ်နော်"

ဆရာဝန်တစ်ယောက်က မှူးငယ်ကို စတော့...

"ကိုကိုက အမြဲတမ်း တောက်ပနေတာလေ"

တစ်ဖွဲ့လုံးရယ်ကြသော်လည်း ဇွဲသူရကိုကတော့ မှူးငယ်ကို ကြည့်နေဆဲ။

"မှူးငယ် ဘယ်လိုလုပ်ရောက်လာတာလဲ။ ကိစ္စရှိလို့လား"

"ကိုကို့အတွက် နေ့လယ်စာလာပို့တာ။ ကန်တင်းမှာ ထားခဲ့တယ်"

"မိန်းမရှိတဲ့သူတွေများ ကံကောင်းလိုက်တာကွာ"

"သွား သွား ဇနီးလေးက နေ့လယ်စာလာပို့တာဆိုတော့ လိုက်သွားလိုက်"

"အားကျတယ် အားကျတယ်ဟေ့"

အတူလာသည့်ဆရာဝန်များက တစ်ယောက်တစ်ခွန်းစကြပြီး ဇွဲသူရကို၏ပခုံးကိုပုတ်ကာ ထွက်သွားကြသည်။ ဇွဲသူရကိုလည်း မှူးငယ်နှင့်အတူ ဓာတ်လှေကားရှိရာသို့ လာခဲ့ကြသည်။

"ကိုကိုက အမြဲတမ်း တောက်ပနေတာပဲ ဟုတ်လား"

ဇွဲသူရကို လမ်းလျှောက်နေရင်း မေးလိုက်သည်။

"ဟုတ်တယ်လေ၊ ကိုကိုက အမြဲတမ်း တောက်ပနေတာ"

မှူးငယ် လက်လေးနှစ်ဖက်နောက်ပစ်ကာ ရှေ့တည့်တည့်လျှောက်နေသည့် ဇွဲသူရကို့မျက်နှာကိုကြည့်ရင်း လိုက်ပါလာသည်။

"အတောက်ပဆုံးကြယ်လေး၊ မှူးငယ်ရဲ့ အတောက်ပဆုံးကြယ်လေး"

ဘေးမှလျှောက်လိုက်လာရင်း ဇွဲသူရကို့ရှေ့ မျက်နှာလေးကျော် ခေါင်းလေးစောင်းကာ ပြုံးပြလိုက်သေးသည်။ ဇွဲသူရကို ခေါင်းကို အသာယမ်းရင်း ဓာတ်လှေကားထဲ ဝင်လိုက်သည်။

မေတ္တာနွံWhere stories live. Discover now