Chapter 16
Associated Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 7,2022
=====================သူက မှဲ့လေးအား ထိလိုက်တယ် ။
သူမ ငိုပြီးနောက်မှာ မျက်ရည်နီ မှည့်က ပေါ်
လာတာလား?Nuonuo က သူမအားကြည့်နေသော သူ၏
ထူးဆန်းသော အကြည့်ကိုမြင်တဲ့အခါ
ဆို့နင့်လာရတယ် ။သူ့ မျက်လုံးများက သူမ မျက်လုံးထောင့်သို့
ကျရောက်နေသည်။ထို့နောက် သူ့ကိုယ်သူပြန်ထိန်းလိုက်တယ် ။
Nuonuo ဟာ စက္ကန့်အနည်းငယ်မျှ အေးခဲ
သွားပြီး သူမ မျက်လုံးများက နွေးပြီး
စိုစွတ်လာသည်။ချုံးလီ လုပ်နေတာတွေကို နားလည်ဖို့ သူမ
ခဏလောက် အချိန်ယူလိုက်ရသည် ! ဒီ လူဆိုးက အဲ့ဒီ နေရာကို နမ်းနေတယ် ။ (မှဲ့ကိုနမ်း
တာနော်)ထို မျက်ရည်နီမှဲ့က စာအုပ်ထဲသို့ ကူးပြောင်း
သွားသောအခါ သူမ သေဆုံးရသည့်
အကြောင်းအရင်းဖြစ်သည်။သူမ အတွက် တော့ ပြီးပါပြီ , တကယ်ပြီးပြီ!
Nuonuo ၏ မျက်နှာက နီရဲ(ပူ)နေသော်လည်းသူမ ခန္ဓာကိုယ် ကအေးစက်နေသည်။သူ၏ မျက်လုံးများအတွင်းမှ စွဲလမ်းမူကို
သူမမြင်လိုက်ရတယ် ။အဲ့ဒါကသာမန် စွဲလမ်းမူတစ်ခု မဟုတ်ဘူး ။
ထိုအရာက တစ်ဝက်ကို ပိုင်ဆိုင်ကြီးစိုး
လိုပြီး ကျန်တစ်ဝက်ကို ဖျက်စီးပစ်လိုတဲ့
စိတ်အာရုံ ဆန္ဒတစ်ခုပင်ဖြစ်သည်။ထိုညက သူက သူမအား လှသည်
ဟုပြောတဲ့အချိန်က သူ့ရဲ့ အမူအရာကို
သူမ မှတ်မိလိုက်တယ် ။သူမ နှလုံးသားက ရေခဲထဲရောက်သွား
သကဲ့သို့ အေးစက်မူကို ခံစားလိုက်ရသည်။
သူက မျက်ရည်နီမှည့်ကိုမြင်သွားပြီ ဒါဆို
သူမက နောက်တစ်ကြိမ် ထပ်သေရတော့မှာ
လား?Nuonuo က ကြောက်လန့်ကာ ရွံရှာ မုန်းတီး
နေခဲ့တယ်။ငယ်စဉ် ကလေးဘဝထဲက ဒီလို
တစ်စုံတစ်ယောက်အပေါ် အမုန်းပွားတာဟာ
ပထမဆုံး အကြိမ်ဖြစ်သည်။

STAI LEGGENDO
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Umorismo📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...