Chapter 144
Associated Title :
Author :
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; February 10, 2023
========================
သူ့နှလုံးသားက အနည်ငယ် နာကျင်သွားခဲ့
ရတယ် ။
ခဏကြာပြီးနောက် သူက ပြောလာ၏,
" ကောင်းပြီ "
မကြာခင် တစ်စုံတစ်ယောက်က သူမကို
သန္ဓထိန်းချုပ်ဆေးပြားများ ပေးလာခဲ့
သည် ။
Nuonuo ကအဲ့တာကို သောက်ခဲ့သော်
လည်း သူမက အနည်းငယ် စိတ်ပူနေဆဲ
ဖြစ်သည် ။ နောက်ဆုံးမှာတော့ ,
သူတို့ရဲ့ ပထမဆုံး အကြိမ်ပြီးနောက်
၂၄ နာရီ ကျော်ကြာ ဖြတ်ကျော်ခဲ့ပြီး ဖြစ်
သည် ။ သူမက အဲ့တာကို အတွေ့အကြုံ
မရှိဘူး ပြီးတော့ ဆေးက အလုပ်ဖြစ်ပါ့
မလား မသိဘူး ။
သူမက သူမ မျက်လုံးတွေထဲမှာ ခါးသီးတဲ့
ခံစားချက်တွေ အများကြီး မရှိဘဲ
တိတ်တဆိတ် ပဲ လှဲချလိုက်တယ် ။
သူမက သူတို့အားလုံး ဟာ စာအုပ်ထဲမှ
ဇာတ်ကောင်များသာဖြစ်ကြောင်း သူမ
ရုတ်တရက် တွေးလိုက်မိတယ် ။
ဇာတ်လမ်း တစ်ပုဒ် ...
သူမ ပြောလိုက်တယ် ,
" ထွက်သွား , ကျွန်မ ရှင့်ကို မမြင်ချင်ဘူး "
လေသံက ပို၍ ငြိမ်သက်နေလေလေ ,
အဲ့တာက သူ့ကို ဓားနဲထိုးနေလေလေပါ
ပဲ။
သူ့မျက်လုံးများထဲတွင် နာကျင်မူက
အနည်းငယ် ဖြန့်ကျဲသွားပြီး သူက တကယ်
ထွက်မသွားခဲ့ပေ ။ ထိုအစား ,
သူက ပျော့ပျောင်းညင်သာစွာ ပြောလာ
၏ , " ကိုယ် တောင်းပန်ပါတယ် "
သူမက စောင့်ငဲ့၍ ပြုံးလိုက်ပြီး ,
" အဆင်ပြေပါတယ် "
Qiu Li က သူမ သူ့ကို ရိုက်နှက် ပြီး
ကြိမ်းမောင်းဆူဆဲ တာကို ပိုပြီး လိုလား
တယ်။ဒါပေမဲ့ သူမ ပိုပြီး အေးချမ်းငြိမ်သက်
နေလေလေသူက ကြောက်ရွံ့ခြင်းနဲ့ ဝမ်းနည်း စိတ်ဓာတ်ကျခြင်းကို ပို ခံစားရလေပဲ ။ သူမ
မျက်လုံးတွေထဲမှာ အခြား ခံစားချက်တွေ
နေနေသာသာ မုန်းတီးမူတောင် ရှိတော့
မှာ မဟုတ်ဘူး ။
သူက သူမလက်ကို ယူလိုက်ပြီး ၎င်ကို
သူ့ရင်ဘက်ပေါ်တွင်ထားတာ ,
" Nuonuo ... အဲ့လို မလုပ်ပါနဲ့ကွာ ,
မင်း ကိုယ့်ကို ရိုက်နှက်ပြီး ဆူဆဲနိုင်တယ်
ဒါပေမဲ့ မင်း ကိုယ့်ကို ကြည့်ပါဦး "
STAI LEGGENDO
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Umorismo📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...
