Chapter 103
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; December 2, 2022========================
Qiu Li က ဒီလို သူမ ကို ကြိုက်တယ်.. ,
တတ်ကြွမူအပြည့် ,နှစ်လိုဖွယ်ကောင်းပြီး
ချစ်စရာကောင်းတယ် ။ သူက သူမကို
အမြဲတမ်းအရမ်း ကြောက်လန့် တွန့်ဆုပ်
မနေဘဲ ,သူမ က ကလူ၏သို့မြှူ၏သို့ နဲ့
ဇွတ်တရွတ်လုပ်လျှင် ကောင်းမည်ဟုတောင် မျှော်လင့်မိတယ် ။သူမက ပြုံးနေခဲ့ပြီး သူ့ရဲ့ ပြုံးဖြဲဖြဲ လုပ်နေတဲ့
မျက်နှာကို မျက်နှာချင်းဆိုင်မိတဲ့အခါ
ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ် ။Qiu Li က အသံနိမ့်နိမ့်ဖြင့် တီးတိုးဆို
လာတယ် , " ရေချိုးခန်းကိုသွား , အဝတ်အစား လဲပြီး အိပ်တော့ ..။ မနက်ဖြန်
ကိုယ်မင်းကို ကစားဖို့ အပြင်ခေါ်သွား
ပေးမယ် " သူက သူမ နဖူး ကိုနမ်းလိုက်ပြီး,
" စိတ်မပူပါနဲ့ , ကိုယ်မင်းကို မထိပါဘူး "Nuonuo ဟာ ညသန်းခေါင်ယံ၌ အိပ်ယာရဲ့
ဘေးတစ်ဘက်တွင် လဲလျောင်း နေချိန်
အထိ , သူတို့ဟာ သီးခြား ဝေးကွာနေ ရာ ,
နောက်ဆုံးတွင် သူမ စိတ်သက်သာရာရစွာ
အသက်ရူထုတ်၍ သက်ပျင်းချလိုက်တယ် ။ဖြစ်နိုင်သမျှ ကာလပတ်လုံး အဖိုးQiu နဲ့
စကားပြောဖို့ သူမ အချိန်ရှာရမယ် ။Qiu မိသားစုတွင် အဖိုးQiu တစ်ယောက်ပဲ
သာမန်လူ ။နောက်တစ်နေ့တွင် မနက်စာ စားပြီးနောက် ,
Qiu Li က Nuonuo ကို သူနဲ့ အတူ အပြင်
ခေါ်သွားချင်နေခဲ့တယ် ။Nuonuo ဝမ်းနည်းနေပြီ , ဘယ်သူက အမျိုးသားဇာတ်လိုက်နဲ့ ကစားရဲမှာလဲ ? နောက်ဆုံး bungee jumpအတွေ့အကြုံ က အလွန်ဆိုးဝါး ကြောက်မက်ဖွယ်ကောင်းနေတာ ။ အခြားသူ
တွေက သာမန် ကစားနည်းများကို ကစားကြ
သော်လည်း သူကတော့ သူ့အသက်နဲ့
ကစားနေခဲ့တာ ။

ESTÁS LEYENDO
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...