Chapter 126
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 16 ,2023
=====================
သူမက Qiu Li ကို အမှားပြုပြင်ချင်နေ
သည်မှာအရမ်းထင်ရှားနေ၏, Qiu Li
က၎င်းကို မြင်နိုင်သော်လည်း သူကဆတ်
စားလိုက်သေးသည် ။သူမက စကားမပြောတော့ဘဲ အရမ်းမပျော်
ဘူးဆိုတာ Qiu Li မြင်လိုက်တယ် ။
သူက သူမကို ဆွဲထူပြီး ရပ်လိုက်ကာ,
" ကိုယ်တို့ အိမ်ပြန်ကြမယ် "သူက အခြားသူများကို ပြောလိုက်တယ်,
" မင်းတို့ ဘာသာ မင်းတို့ ကစားနိုင်တယ် "သူက အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တဲ့
အမျိုးသားဖြစ်ပြီး အဖွဲ့က ဘယ်လို တုံ့ပြန်
လဲ အရေးမကြီးဘူး , သူက Nuonuo ကို
အဝေးသို့ ဦးဆောင်သွားခဲ့ပြီ ..သူ့ကြည့်ရတာ အနည်းငယ်အေးစက်နေပြီး
Nuonuo ကို စိတ်တထင့်ထင့် ခံစားရအောင်
လုပ်နေသည် ။ကားထဲတွင် , သူက သူမကို ခရီးသည်
ထိုင်ခုံ၌ ထိုင်ခိုင်းပြီးနောက် သူမကို
ထိုင်ခုံခါးပတ် ပတ်ပေးရန် မှီချလာ၏ ။သူက မဆုတ်ခွာသွားပေ ။ သူက သူမကို
သူ့အားကြည့်စေရန် သူမ မေးကို နူးညံစွာ
မတင်လိုက်ပြီး ,
" မင်း ရိုးသားရဲ့လား ?"Nuonuo ခေါင်းငြိမ့်လိုက်တယ် ။ သူမ ထွက်လာပြီးမှ စကားများကို တွေးလိုက်မိတယ် ။
သူမက လက်လှမ်းလိုက်ပြီး သူမလက်မောင်းများကို Qiu Li ၏လည်ပင်း ပတ်လည်တွင် ထွေးပတ်ကာ, " အဲ့ဒီ Jiang Xinyue , Zhang Qingduo
ပြောတဲ့ ရှင်က သူမဆီကို အလည်
သွားတယ်ဆိုတာ , ကျွန်မ မပျော်ဘူး ""Qiu Li , ရှင် သူမကို မကြိုက်ရဘူး "
Nuonuo ဒီလို ပြောလိုက်တာကို သူ အံ့အားသင့်
သွားသည် ။ သူ၏ မျက်လုံးများက
ပီတီဖြစ်ခြင်းများနှင့် ပြည့်နေခဲ့သည် ။Nuonuo က မနာလို ဖြစ်နေတာလား ?
သူက ခပ်နိမ့်နိမ့် ရယ်မောလိုက်ပြီး ,
" ကိုယ်သူမကို မကြိုက်ဘူး , ကိုယ်မင်းကိုပဲ
ကြိုက်တာ , ဟုတ်ပြီလား ?"Nuonuo က မျက်တောင်လေး ခက်ပြီး ခေါင်းငြိမ့်
လိုက်တယ် ။Qiu Li က သူမကို ရှင်းပြလာတယ်,
" ကိုယ် အထက်တန်းကျောင်းက
အားကစားကွင်းကို သွားတဲ့အချိန် ,
ကိုယ့်ကို စောင့်နေတဲ့ လူနှစ်ယောက်ပဲ
ကိုယ်တွေ့ရတယ် ...ကိုယ်က အခြားသူတွေ
ရောလို့ မေးတော့ , သူတို့အားလုံး စန္ဒရား
အခန်းကို ပြေးသွားကြတယ်လို့ သူတို့က
ပြောတယ်..။ အဲ့တာနဲ့ ကိုယ်လိုက်သွား
ခဲ့တာ ", သူက ရပ်တန့်လိုက်ရာ Nuonuo
က သူ့ကို စိုက်ကြည့်နေခဲ့တယ် ။
သူမကို တစ်ချက်ကြည့်ပြီးနောက် သူက
သူမရဲ့ ပန်းရောင်ပါးမို့လေးများကို နမ်းပြီး
ပြုံးလိုက်ကာ , "အဲ့နောက်တော့ ကိုယ့်ကို
စောင့်ရအောင် လုပ်ရဲတဲ့ လူတိုင်း ကို
ကိုယ် ရိုက်လိုက်တယ် !"
YOU ARE READING
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...