Chapter 139
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; February 3, 2023
=======================Nuonuo ၏ ခန္ဓာကိုယ် တစ်ခုလုံးက
ပူလောင်နေသည် ။ အရိုးထဲမှ တရွရွနှင့်
ယားယံနေခြင်းက မထိန်းချုပ်ထားနိုင်
ဘူး ။အမျိုးသားက ဒေါသထွက်နေခဲ့တယ် ။
ဒေါသက ယုံမှားဖွယ်မရှိတဲ့ အမှတ်ကို
ရောက်တဲ့ အခါ , Bai Ye ထံမှ သူမကို
အဝေးသို့ ဆွဲချိန်၌ သနားညှာတာမူ မရှိ
ပေ ။ လူ့အသားထဲကို လက်သီးနှင့်ထိုးနေ
သည့် တိုက်ခိုက်နေသောအသံကို သူမ
မသဲမကွဲ ကြားနိုင်သည် ။ သူ့ရဲ့ ဒေါသက
တားဆီးလို့ မရတော့ဘူး ။ထို့နောက် သက်တော်စောင့် က အမြန်ဝင်လာ
ပြီး Qiu Li က Nuonuo ရဲ့ နှစ်လိုဖွယ်ဆွဲဆောင်မူရှိနေတဲ့ အသွင်အပြင် ကို သူ့မျက်လုံးတွေ
လှည့်ကြည့်လိုက်တာနဲ့ မြင်လိုက်ရတယ် ။သူမရဲ့ မင်္ဂလာဝတ်စုံက အနည်းငယ် လျှောကျ
နေပြီး သူမရဲ့ ရင်ဘက်နဲ့ ခါး နေရာတိုင်းက
ပြီးပြည့်စုံနေသည် ။ သူမရဲ့ ပခုံးတွေက
ကျောက်စိမ်းလို ဖြူဖွေးနေပြီး နွေးထွေးတဲ့
မီးရောင်အောက်တွင် ထိုနေရာ၌ ပေါ့ပါးတဲ့
အနီရောင် လက်ချောင်း အမှတ်အသားတွေ
ရှိနေသည် ။ သူတို့ကို ဘယ်သူချန်ထားခဲ့လဲ
ဆိုတာ ရှင်းနေတာပဲ ။ဒီ ပုံပန်းအသွင်က သူ့ကို ရူးသွပ်အောင်ပြုလုပ်
နေသည် ။ သူမက သူ့ကို ဒီလိုနည်းနဲ့ သစ္စာ
ဖောက်တယ် ..သူမ ထွက်သွားဖို့ မအောင်မြင်ခဲ့ချိန်က သူမ
ဘာပြောလဲဆိုတာ Qiu Li မှတ်မိနေတုန်းပဲ ။
တကယ်လို့ သူ သူမကို လပ်ထပ်ခဲ့ရင်တောင်
သူမက သူ့ကို ဦးထုပ်စိမ်းတစ်လုံး
ပေးမယ်လို့ သူမ ပြောခဲ့တယ် ..သူမက အများအားဖြင့် လိမ္မာပါးနပ်ပြီး
သူမ စကားပြောကောင်းတဲ့အခါမှာ လဲ
သူမက ချိုသာနိုင်တယ် ။ ဒါပေမဲ့
သူမရဲဝံ့တာကို သူသိတယ် , သူမ မလုပ်ရဲ
တာဘာရှိလဲ ?Qiu Li အော်လိုက်တယ် , " အပြင်မှာနေ !"
သက်တော်စောင့်က အထဲမှာ ဘာတွေဖြစ်နေ
မှန်း မသိဘဲ သူတို့ ကြည့်ရန် မရဲဝံ့ကြချေ ။
Xue San က မျက်စိဖြင့်အချက်ပြကာ လူတိုင်း
ကို အဝေးသို့ သွားစေလိုက်ပြီး မကြာမီ
သေလုနီးပါးဖြစ်နေသော Bai Ye က
အပြင်ဘက်ကို လွင့်စင်လာသည် ။

YOU ARE READING
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...