Zawgyi //
English translation; Wordrain69
Translated by Z {9.6.2022}Nuonuo က ဆေးခန်းထဲမှ အိပ်ယာအသေး
ပေါ်တွင် လဲလျောင်းနေသည် ။
ကျောင်းဆရာဝန်က သူမ၏ ဒဏ်ရာများကို
ကုသပေးနေခဲ့သည် ။ ဘောလုံးသည် သူမ၏
မျက်လုံးများကို ရိုက်မိပြီး ထိုနေရာတစ်ဝိုက်
သည် နီရဲကာ ဖူးရောင်လာသည် ။သူမ၏ အသားအရည်သည် ဖြူဖွေးသော
ကြောင့် ထိုကဲ့သိုသော ဒဏ်ရာမျိုးကို
သူမ ရုတ်တရက် ခံစားရသောအခါ အဲ့ဒါ
သည် ကြည့်ရတာ အလွန် ကြောက်စရာ
ကောင်းနေခဲ့သည် ။ကျောင်းဆရာဝန် သည် အသက်သုံးဆယ်
အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည် ။
သူမသည် အလွန်အာရုံစိုက်ပြီး ရွှင်လန်း
တတ်ကြွနေသည် ။သူမသည် Hang Rui အား တံခါးတွင် ရပ်နေ
သည်
ကို မြင်ပြီး နောက်ပြောင် ပြောလာသည် ,
" ကောင်လေး , ဝင်ခဲ့လေ...။ မင်းရဲ့
ကောင်မလေးက အနည်းငယ် ထိခိုက်ထား
တယ် ...မင်းမှာ အချိန်ရှိတဲ့အခါ ဆေးရုံကို
စစ်ဆေးဖို့ သွားတာအကောင်းဆုံးပဲ "ဤမှတ်ချက် ထွက်လာပြီး မကြာခင် , Nuonuo
လျှင်မြန်စွာ ပြောလိုက်သည် ,
" မဟုတ်ပါဘူး , သူက အတန်းဖော်တစ်
ယောက်ပါ "Hang Rui သည် Nuonuo အား ဖျက်ကနဲ
ကြည့်လိုက်သော်လည်း စကားမပြောပေ ။ကျောင်းဆရာဝန်သည် ရှက်ကိုးရှက်ကန်း
မဖြစ်ဘဲ အပြုံးနှင့်ပြောလာသည် ,
" ဒီကောင်လေးက မင်းကို နာကျင်စေ
ခဲ့တာ...., ထိခိုက်မူက တကယ်ပဲ သန်မာ
တယ် ဒါပေမဲ့ ကံကောင်းလို့ အဲ့တာက မင်းရဲ့
မျက်လုံးတွေကို အနာတရ မဖြစ်စေခဲ့ဘူး "သူမတွင် လုပ်စရာ များစွာ ရှိသောကြောင့်
သူမက ရုတ်တရက် ပြောလာသည် ,
"လာ, သူမကို ရေခဲတုံး ကပ်ဖို့ ကူညီလိုက်ဦး,
ငာ့ မှာ လုပ်စရာအချို့ရှိနေတယ် , ငါ အပြင်
ထွက်လိုက်ဦးမယ် "

ВЫ ЧИТАЕТЕ
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Юмор📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...