Chapter 133
Associated Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 25 ,2023
========================ကထိက ကစတင်နေခဲ့ပြီး Ding Siming
က သူမရဲ့ မိုဘိုင်းဖုန်း နှင့် ကစားနေခဲ့တယ် ။အစပိုင်းတွင် ,Nuonuo က မှတ်စုယူနေခဲ့
သော်လည်း သူမရဲ့ မျက်လုံးတွေက
Ding Siming ၏ မိုဘိုင်းဖုန်း မျက်နှာပြင်ကို
မတော်တဆ ရောက်ရှိသွားပြီး သူမ
ကြက်သေ သေ သွားတယ် ။Ding Siming က သူမကို ဖျက်ကနဲကြည့်လာ
ပြီး ဂုဏ်ယူမော်ကြွားနေသောလေသံနှင့်,
"နင်ဘာကြည့်နေတာလဲ ? ဒီအမျိုးသား ကို
နင် မသိဘူးလား ? သူက ငါရဲ့
အမျိုးသားနတ်ဘုရား ပဲ "Nuonuo က သူမရဲ့ " အမျိုးသား နတ်ဘုရား" ကို အဝေးမှ ကြည့်လိုက်တယ် ။
အဲ့ဒါက အေးစက်စက် မျက်နှာ နှင့်
ထက်ရှသောမျက်လုံးများဖြင့် စီးပွားရေး
မဂ္ဂဇင်း တစ်ခုထဲက Qiu Li ၏ ဓာတ်ပုံဖြစ်
သည် ။ အမျိုးသားက တည်ကြည်ခန့်ညား
ပြီး Ding Siming က သူမ မသိတဲ့ တစ်နေရာ
ရာက HD ဗားရှင်း ရရှိထားသည် ။Nuonuo က အတန်းကို အလေးအနက်
နားထောင်ရန် လှည့်သွားသော်လည်း
Ding Simeng က မကျေနပ်ပေ ။" ဟေး , နင် အဲ့တာ ဘာကို ဆိုလိုတာလဲ ?
ကြယ်ပွင့်တွေမှာ ပရိသတ် တွေရှိတယ်လေ
နင်သိလား ..။သူက ကြယ်ပွင့်တွေ
ထက် အများကြီးပိုပြီး စွမ်းအားကြီးတယ် ..။
သူက အသက် ၁၈ နှစ်မှာ သူ့မိသားစုရဲ့
လုပ်ငန်းတွေကို အမွေဆက်ခံခဲ့တာ..။
အခုဆိုရင် , သူ့ရဲ့ ထိပ်တန်း အံ့သြဖွယ်ရာ
တွေနဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်
တစ်ဦးဖြစ်နေပြီ ..။ ပြီးတော့ သူက ဘယ်သူ
ကိုမှ အတုမယူဘူး , မကောင်းသတင်းတွေ
လဲမရှိဘူး ။ သူက အရမ်း အရမ်းကို
တည်ကြည်ခန့်ညားတယ် ,"
Ding Siming က ဒီအမျိုးသားဟာ သူမ
အရွယ်ရောက်လာတာကို စောင့်နေတယ်
လို့ အကြိမ်များစွာ စိတ်ကူးယဉ် အိပ်မက်
မက်ခဲ့တယ်...။" ငါနင့်ကို လျို့ဝှက်ချက် တစ်ခုပြောပြမယ်,
X မှာ အမြဲတမ်း ဒဏ္ဌာရီ လာ ထိပ်တန်း
အစွမ်းတွေနဲ့ ကျိကျိတတ် ချမ်းသာတဲ့
ကျောင်း ဒါရိုက်တာ တစ်ယောက်ရှိတယ်,
အဲ့တာ သူပဲ "

VOCÊ ESTÁ LENDO
✔အာဏာရှင်စီအီးအိုကြီးရဲ့ဇနီးထွက်ပြေးသွားပြီ《မြန်မာဘာသာပြန်》
Humor📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတင်မိမှာပါ) This story is not mine , Just translate 😉 Associated Title : 穿成霸总小逃妻 Author : 藤萝为枝 Eng...